DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ် ညှဉ်းပန်းမှုမှ ကာကွယ်ရန် လူမှုဝန်ထမ်း ၆၀၀၀ ခန့်ဖြင့် ဆောင်ရွက်မည်ဟု ယူနီဆက်ဖ်ပြော
DVB
·
October 22, 2016
ကလေးသူငယ် ညှဉ်းပန်းမှုမှ ကာကွယ်ရန် လူမှုဝန်ထမ်း ၆၀၀၀ ခန့်ဖြင့် ဆောင်ရွက်မည်ဟု ယူနီဆက်ဖ်ပြော
Donate to DVB

ကလေးသူငယ်တွေကို ညှဉ်းပန်းနှိပ်စက်တာတွေကနေ ကာကွယ်နိုင်ဖို့ လူမှုဝန်ထမ်း ၆၀၀၀ လောက်နဲပ ဆောင်ရွက်မယ်လို့ ယူနီဆက်ဖ်ရဲ့   မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်က ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာ့ကလေးများ ဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ်သစ်များဖြင့် အားထုတ်စို့ ခေါင်းစဉ်နဲ့ အဆင့်မြင့်ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ယူနီဆက်ဖ် ရဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်က ကလေးသူငယ်ညှဉ်းပန်းနှိပ် စက်တာတွေကို ကာကွယ်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လူမှုဝန်ထမ်း ၆၀၀၀ လောက် လုပ်နေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ယူနီဆက်ဖ်အနေနဲ့ကတော့ ဒီကလေးတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ တားဆီးဖို့၊ ကာကွယ်ဖို့ အစိုးရနဲ့အတူ လုပ်ဆောင်လိုပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ပြည်သူလူထု ပါဝင်မှုက အဓိကဖြစ်ပြီး အရေးကြီးပါတယ်။ ဒီလိုမျိုးမှာ ပဲ ကျနော်တို့အခုဆိုရင် လူမှုဝန်ထမ်းတွေ ခြောက်ထောင်လောက် ချထားဖို့ရာလည်း ဆက်ပြီးတော့ လုပ်ဆောင်နေတယ်။ ဒီလိုမျိုးတွေ လူထုထဲမှာ သူတို့က ရှိနေမယ်ဆိုရင် ကလေးတွေ ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းတွေ ခံရတာတွေကို များစွာ သိရှိပြီးတဲ့အခါမှာ အချိန်နဲ့ တပြေးညီ ကာကွယ်နိုင်ပါတယ်” လို့ ယူနီဆက်ဖ် ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောပါတယ်။

ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကာကွယ်မှုတွေ အဓိကလုပ်နိုင်တာက လူမှုဝန်ထမ်းတွေက အများကြီး လုပ်ဆောင်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီ Social Workers တွေက လူထုထဲမှာ ရှိနေတဲ့အခါမှာ လူထုထဲက မိသားစုတွေ၊ လူတွေနဲ့အတူတူ အလုပ်လာလုပ်တဲ့အခါမှာ သူတို့လိုအပ်တာ လေးတွေကို ကျနော်တို့က အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးဖို့ ဒါကို အဓိကလုပ်ဆောင် တာဖြစ်တယ်။ ဒါကြောင့်မို့ Social Workers ကလည်း တကယ့်ကို အရေးကြီးတယ်။ ဒီကလေးငယ်တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ညှင်းပန်းနှိပ်စက်မှုတွေကို ကာကွယ်မှုတွေ အဓိကလုပ်နိုင်မယ့်အရာကတော့ လူထုထဲမှာရှိနေတဲ့ Social Workers တွေ က အများကြီးလုပ်ဆောင် နိုင်တယ်လို့ ယုံကြည်ပါတယ်။” လို့ ယူနီဆက် ဌာနေကိုယ်စား လှယ် Mr.Bertrand Bainvel က ပြောပါတယ်။

ယူနီဆက်ဖ် အနေနဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေကို လေ့လာဆန်းစစ်ချက်တွေအရ ကလေးသူငယ်တွေ ဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၄ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူ ထက်ဝက်ခန့်ကို ကိုယ်စားပြုနေတယ် လို့ ထုတ်ပြန်တွေအရ သိရပါတယ်။

ဒ့ါအပြင် ၅ နှစ်အောက် ကလေးသူငယ်တွေဟာ ၁၀၀ ကနေ ၁၅၀ ထိ နေ့စဉ် သေဆုံးနေသလို ကလေးငယ် ၃၀ ရာခိုင်နှုန်းနီးပါးဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို မရဘဲ ၂၀ ရာခိုင်နှုန်း ဟာလည်း  ယင်လုံအိမ်သာ သုံးစွဲနိုင်မှုမရှိဘူးလို့ ဆိုပါတယ်။

ကျောင်းနေအရွယ် ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ကလေး ငယ် ၃ ဒသမ ၆ သန်းဟာ ကျောင်းနေနိုင်ခြင်းမရှိဘဲ အသက် ၅ နှစ်ကနေ ၁၇ နှစ်အအရွယ် ကလေးငယ် ၁ ဒသမ ၂ သန်းဟာလည်း တပတ်ကို ၅၂ နာရီခန့် အလုပ်လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013