DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံမှ ပင်ဂွင်းငှက် ၉ ကောင် နေပြည်တော်ရောက်
DVB
·
October 21, 2016
ဂျပန်နိုင်ငံမှ ပင်ဂွင်းငှက် ၉ ကောင် နေပြည်တော်ရောက်
Donate to DVB

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာ အများပြည်သူကြည့်ရှု လေ့လာနိုင်ဖို့အတွက် Humboldt အမျိုးအစား ပင်ဂွင်းငှက် ၉ ကောင် ဂျပန်နိုင်ငံကနေ လေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိ လာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ပင်းဂွင်းငှက်လေးတွေကို ထူးကုမ္ပဏီအုပ်စု၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များ ဌာနရဲ့ အစီအစဉ်နဲ့ ဂျပန်နိုင်ငံမှ လေယာဉ်နဲ့  သယ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကိုမနေ့ကရောက်ရှိပြီး  အအေးခန်း မော်တော်ယာဉ်တွေနဲ့ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)ကို ဆက်လက်သယ်ဆောင် ဒီကနေ့ မနက်ရောက်ရှိလာတယ်လို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါ Humboldt အမျိုးအစား ပင်ဂွင်းငှက်တွေရဲ့ နေရင်းဒေသဟာ တောင် အမေရိကတိုက် အနောက်ခြမ်းရှိ ချီလီနဲ့  ပီရူးနိုင်ငံ ကမ်းခြေဒေသဖြစ်လို့  နေရင်းဒေသနဲ့ ကိုက်ညီအောင် အပူအအေးထိန်းညှိ ပေးထားတာ၊ သဘာဝ ကျောက်ဆောင် ပုံစံတွေ ပြုလုပ်ပေးရတာနဲ့ ရောဂါပိုးမွှား သန့်စင်စေဖို့  ဆောင် ရွက်ပေးရတယ်လို့လည်းဆိုပါတယ်။

ပင်ဂွင်းငှက်တွေကို  ပြည်ပက လိုက်ပါလာတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူ အညီနဲ့ အများပြည်သူ ကြည့်ရှု လေ့လာနိုင်ဖို့ မကြာမီကာလအတွင်း စတင် ပြသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013