DVB Logo
Home
မြန်မာသတင်း
မူးယစ်ရာဇာ စိုင်းနော်ခမ်းရုပ်ရှင် ရန်ကုန်နှင့် မန္တလေးတွင် ပြသ (ရုပ်သံ)
DVB
·
October 21, 2016
မူးယစ်ရာဇာ စိုင်းနော်ခမ်းရုပ်ရှင် ရန်ကုန်နှင့် မန္တလေးတွင် ပြသ (ရုပ်သံ)
Donate to DVB

တရုတ်သင်္ဘောသား ၁၃ ဦးကို ၂၀၁၁ ခုနှစ်က မဲခေါင်မြစ်ထဲမှာ မြန်မာမူးယစ်ရာ ဇာ စိုင်းနော်ခမ်းအဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား Operation Mekong ဇာတ်ကားကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ပြသနေပါတယ်။

ဒီဇာတ်ကားကို ဟောင်ကောင်ရုပ်ရှင် ဒါရိုက်တာ ဒန်တေးလန်က ဖြစ်ရပ်မှန် အ ခြေပြုရိုက်ကူးခဲ့တာဖြစ်ပြီး ဟောင်ကောင်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ပြသခဲ့တာပါ။

ပီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်တွင်းရှိနေတဲ့ တရုတ် ကုန်တင်သင်္ဘော ၂ စီးပေါ်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်ဆိုပြီး သံသယ ရှိတဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက စီးနင်းရှာဖွေချိန်မှာ သင်္ဘောသား ၁၃ ဦးဟာ လက်ပြန်ကြိုးတွေ တုပ်လျက်သား အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။

ဒါဟာ မူးယစ်ရာဇာ စိုင်းနော်ခမ်းရဲ့လက်ချက် ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ တရုတ်အစိုးရက ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာပါ။

အဲဒီနောက် စိုင်းနော်ခမ်းကို လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး  ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ၂၀၁၂ နိုဝင်ဘာလဆန်းက သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။

ကနဦးပိုင်း ရဲစုံစမ်းဖော်ထုတ် တွေ့ရှိချက်တွေမှာတော့ စိုင်းနော်ခမ်းဟာ ဂိုဏ်း ခေါင်းဆောင်တွေနဲ့အတူ ထိုင်းစစ်သား အနည်းငယ်လည်း ပါဝင်တဲ့အဖွဲ့က မဲခေါင်မြစ် ပေါ်မှာ ဟွာပင်းနဲ့ ယုဇင်း ၈ ကုန်သင်္ဘော ၂ စင်းကို တိုက်ခိုက်ပြန်ပေးဆွဲခဲ့တယ်လို့ သ တင်းတွေမှာ ရေးခဲ့ပါတယ်။

အဲဒီနောက် တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ပူးတွဲကြိုးပမ်းချက်နဲ့ လာအိုနိုင်ငံမှာ ၂၀၁၂ ခုနှစ် ဧပြီမှာ ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ တာပါ။

၂၀၁၃ ခုနှစ်၊ ဧပြီလမှာတော့ သူ့ကို တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ်က သေ ဒဏ်ချမှတ်ခဲ့ပြီး ကွပ်မျက်ခဲ့တာပါ။

စိုင်းနော်ခမ်းဟာ ဖမ်းဆီးမခံရခင် ထိုင်းနိုင်ငံအစိုးရက ၀ရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာစာရင်းမှာ ပါရှိခဲ့ပါတယ်။

ဒီဇာတ်ကားကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက စတင်ပြီး ရန် ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံ(၁)၊ Mingalar Cineplex (စံရိပ်ငြိမ်ဂမုန်းပွင့်)၊ မင်္ဂလာစံပြ ရုင်ရုံနဲ့ မန္တလေးမြို့၊ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံတွေမှာ တပြိုင်တည်း ပြသနေတာပါ။

ရုပ်သံ - ရုပ်ရှင်နမူနာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013