DVB Logo
Home
မြန်မာသတင်း
မြောင်းမြက သရဲပူးကျောင်းသူများ စိတ်ပိုင်းဆိုင်ရာ အုပ်စုဖွဲ့တုံ့ပြန်မှုဟု စိတ်ပညာရှင်ပြော (ရုပ်သံ)
DVB
·
October 21, 2016
မြောင်းမြက သရဲပူးကျောင်းသူများ စိတ်ပိုင်းဆိုင်ရာ အုပ်စုဖွဲ့တုံ့ပြန်မှုဟု စိတ်ပညာရှင်ပြော (ရုပ်သံ)
1 / 7
Donate to DVB

 

မြောင်းမြမြို့နယ်က သရဲပူးတယ်ဆိုတဲ့ကျောင်းသူတွေဟာ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် မူတည်ပြီး အုပ်စုဖွဲ့ တုံ့ပြန်တဲ့ အပြုအမူ ပြုမူနေကြတာလို့ ဆေးပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူ ၁၈ ဦး ဟာ သြဂုတ်လကစလို့ ကျောင်းမှာ သရဲပူးတယ်ဆိုတဲ့ အပြုအမူတွေ ဖြစ်ပွားခဲ့ပြီး ဒီကိစ္စ တိုင်းအစိုးရအဖွဲ့ထံ ရောက်သွားခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာတော့ တိုင်းအစိုးရအဖွဲ့ရဲ့အစီအမံနဲ့ စိတ်ရောဂါ၊ မီးယပ်သားဖွား စတဲ့ ဆေးပညာရှင်များအဖွဲ့ဟာ မြောင်းမြမြို့မှာ အဲ့ဒီကျောင်းသူတွေ၊ မိဘတွေနဲ့ တွေ့ဆုံခဲ့ကြပြီး စိတ်ရောဂါပြဿ   နာတရပ်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်က "လူမှုရေးနဲ့ဆက်နွှယ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြောင့်ဖြစ်လာတဲ့ ပြဿနာပေါ့လေ။ သဘောက ဘယ်လိုလဲဆိုတော့ သူက လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ် အခြေခံပြီး အုပ်စုဖွဲ့ပြီးလျှင် တုံ့ပြန်တတ်သော အပြုအမူများ ဆိုပြီးတော့ စိတ်ပိုင်းဆိုင်ရာပညာရှင်က အဲဒီလို မှတ်ချက်ပြုပါတယ်”လို့ ပြောပါတယ်။

သရဲပူးတယ်ဆိုတဲ့ ကျောင်းသူလေးတွေရဲ့ လတ်တလောစိတ်ပိုင်းဆိုင်ရာ အခြေအနေက သက်တောင့်သက်သာနဲ့ ပုံမှန်ရှိနေကြပြီး မီးယပ်ဆိုင်ရာ ပြဿနာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူတွေဟာ အစပိုင်းမှာ တဦးစ နှစ်ဦးစ သရဲပူးတာကနေ နောက်ပိုင်း တစတစ များလာပြီး ၁၈ ယောက်အထိ ရှိလာခဲ့တာပါ။

၅ တန်းနဲ့ ၉ တန်းကျောင်းသူအများစုဖြစ်ပြီး သူတို့ပြုမူနေတာကို သိပ်ဂရုစိုက်လွန်းရင်လည်း ဒီ ပြဿ နာတက်တတ်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ဆေးပညာရှင်တွေနဲ့ ကျောင်းသူတွေ တွေ့ဆုံဆွေးနွေးပွဲတက်ခဲ့တဲ့ မြောင်းမြက တိုင်းလွှတ်တော်အမှတ် ၂ ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက “အဓိကက စိတ်ပညာဌာနက တွဲဘက်ပါမောက္ခ ဆရာဝန်ကြီး ဦးဆန်းလင်း ခေါင်းဆောင်တဲ့ ဆရာဝန်ကြီး ၄ ဦး လာပြီးတော့ ကလေးတွေကို စိတ်နဲ့ ပတ်သက်တဲ့ စကားတွေ ပြောတယ်၊ ကလေးတွေ ကြည့်ရတာလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းပဲ၊ ဆရာဝန်ကြီး ပြောတာတော့ အဲဒီလိုအဖြစ်မျိုး ရန်ကုန်က အထည်ချုပ်စက်ရုံမှာလည်း ဖြစ်ဖူးတယ်တဲ့၊ သူတို့တွေ တခုခုကို စိတ်အလိုမကျတဲ့အခါမှာ ခေါင်းဆောင်တယောက်ကနေ စပြီး ဖြစ်လိုက်လို့ရှိရင် ကျန်တဲ့လူတွေကပါလိုက်ပြီး ဖြစ်လာတဲ့ သဘောလေးတွေတဲ့။”

အခု ဆေးပညာရှင်တွေရဲ့ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို တိုင်းအစိုးရထံ တင်ပြပြီး တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဆက်လက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဆေးပညာရှင်တွေရဲ့ အကြံပြုချက် တခုမှာတော့  အဲဒီကျောင်းမှာ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ မပြတ် လုပ်ပေးဖို့ ဆိုတာ ပါဝင်ပါတယ်။

ဒီဗွီဘီ တီဗွီက ခေတ်ပြိုင်ကောက်ကြောင်းအစီအစဉ်မှာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူတွေ သရဲပူးတဲ့အကြောင်း မကြာခင်က ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ အစီအစဉ်ကို ကြည့်မိကြတဲ့ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းနိုင်ငံတွေက အဲဒီကျောင်းသူတွေကို  သူတို့ ကူညီ ကုသပေးလိုကြောင်း ဆက်သွယ်လာတာ ရှိတယ်လို့ တိုင်းလွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောပါတယ်။

ကျောင်းသူလေးတွေနဲ့ ဆေးပညာရှင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ -Khaingzin Oo)

သရဲဝင်ပူးသည့်ရုပ်သံ - ဒီဗွီဘီ ခေတ်ပြိုင်ကောက်ကြောင်း

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013