DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု သေဒဏ်ပေးခံထားရသူ မြန်မာလူငယ် ၂ ဦးကို မြန်မာသံရုံး ကြည့်ရှုအားပေး
DVB
·
October 21, 2016
လိပ်ကျွန်းအမှု သေဒဏ်ပေးခံထားရသူ မြန်မာလူငယ် ၂ ဦးကို မြန်မာသံရုံး ကြည့်ရှုအားပေး
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး  သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ ၂ ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

သံမှူးကြီး ဒေါ်ဝင်းစန္ဒီ၊ ဒုတိယအတွင်းဝန် ဦးစိုပြေငြိမ်းချမ်းနဲ့ သံရုံးအထူးအဖွဲ့ဝင်တွေဟာာ မြန်မာလူငယ် ၂ ဦးကို ချုပ်နှောင်ထားတဲ့ နွန်ထပူရီခရိုင် ဘန်ခွမ် အကျဉ်းထောင်ကို အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့  ဥပဒေရေးရာနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့မနက် ၈ နာရီခွဲလောက်က သူတို့ကို သွားတွေ့ပါတယ်။ ၁၁ နာရီလောက် ပြန်ထွက်လာတယ်။  ၂ ယောက်လုံး ကျန်းမာရေးကောင်းတယ်၊ အားလုံးနေကောင်းတယ်၊ သူတို့လည်း ပျော်ပျော်ရွှင်ရွင်ပါပဲ။ အပြင်ကလူတွေကိုလည်း သတိရကြောင်းနဲ့ သူတို့ကို အားပေးနေတဲ့ အမှုကို စိတ်ဝင်စားတဲ့လူတွေ သတင်းမီဒီယာတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ”

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းက သူတို့ ၂ ဦးအတွက် ထောက်ပံ့ငွေအချို့ကို ဘဏ်ကနေလွှဲပေးခဲ့ပြီး သူတို့မှာထားတဲ့ ဒစ်ရှင်နရီစာအုပ်နဲ့ စားစရာတချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူငယ် ၂ ဦးဟာ ထောင်ထဲမှာ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘဲ အင်္ဂလိပ်စာကိုပါ လေ့လာ လိုက်စားခွင့်ရကြောင်း၊ ၂ ဦးလုံး စိတ်ဝင်စားစွာလေ့လာပြီး အခြားမြန်မာစာအုပ်တွေလည်း မှာလိုက်တယ်လို့ ပြောပါတယ်။

အမှုတွဲကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် အစိုးရရှေ့နေဘက်က တင်ပြထားတဲ့ အချက် အလက်တွေကို ကော်ဆမွီခရိုင်တရားရုံးက စစ်ဆေးကြည့်ရှုနေဆဲဖြစ်ကြောင်း၊  အယူခံတင်ထားတဲ့ တရားခံဘက်ကိုတော့ ဘာမှအကြောင်းကြားလာတာမရှိသေးကြောင်း၊ ဒီနှစ်မှာ တရားရုံးက ဆက်သွယ်လာတာမရှိရင် လာမယ့် ၂၀၁၇  နှစ်ဆန်းပိုင်းမှာ အမိန့်တခုခုချနိုင်မယ်ဖြစ်ကြောင်း  ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

14650352_900905556707813_8499298289223865387_nလွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ကော့တောင်ကျွန်းမှာ လာရောက်အပန်းဖြေတဲ့ ဗြိတိန်နိုင်ငံသား အမျိုးသမီးတဦး နဲ့ အမျိုးသားတဦးတို့ အသတ်ခံရပြီး အဆိုပါ ကျွန်းအနီး သွား ရောက်ဂစ်တာတီးနေတဲ့ မြန်မာလူငယ် ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ကို လူသတ်တရား ခံအဖြစ် ထိုင်းရဲတပ်ဖွဲ့က တရားစွဲကာ သေဒဏ်ပေးထားတာ ဖြစ်ပါတယ်။

ဒီလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးက မကျူးလွန်ရဘဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ၀န်ခံရတာလို့ ဖြေ ဆိုခဲ့သလို ရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေအထောက်အထားတွေ ခိုင်လုံမှုမရှိတာကြောင့် မြန်မာလူငယ် ၂ ဦးရဲ့ ရှေ့နတွေက အထက်တရားရုံးကို အယူခံပြန်တင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013