DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ​ရေ​ဘေး​ဒဏ်ခံ ​ကျေး​ရွာအချို့​ အကူအညီမရ​သေး
DVB
·
November 3, 2011
Donate to DVB

မ​ကွေး​တိုင်း​ဒေသကြီး​ ပခုက္ကူခရိုင်က ပခုက္ကူမြို့​နယ်၊​ မြိုင်မြို့​နယ်နဲ့​ ဆိပ်ဖြူမြို့​နယ်​တွေက ​ရေ​ဘေး​သင့်​ ​ကျေး​ရွာတချို့​မှာ ဒီက​နေ့​အချိန်ထိ အကူအညီ မရ​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မြိုင်မြို့​နယ်က ပဒိုင်​တော၊​ ရွာသစ်ဖြ၊​ ထုံး​မ၊​ ​ချောင်း​ဆုံ ​ကျေး​ရွာ​တွေနဲ့​ ပခုက္ကူမြို့​နယ်ထဲက ဖလံအို၊​ ဆယ်ပင်စု၊​ မကျီး​စု၊​ ​အောက်ကျင်း​ စတဲ့​ကျေး​ရွာ​တွေမှာ အကူအညီအ​ထောက်အပံ့​တွေ မရ​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

မြိုင်မြို့​နယ် ​ဒေသခံတဦး​က “တချို့​ကျ​တော့​လည်း​ သတင်း​မပို့​နိုင်တဲ့​ ဟာ​တွေလည်း​ မ​ရောက်​သေး​တာ ရှိမယ်​လေ။ သူတို့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေက သတင်း​မပို့​နိုင်တာ။ ပြီး​တော့​ ကျ​နော်တို့​ ကိုယ်လှူမယ့်​ ကယ်ဆယ်မယ့်​လူ​တွေကလည်း​ သွား​ရောက်မ​လေ့​လာ နိုင်​သေး​တော့​ ကျန်ဦး​မှာ ရှိတယ်။ ​ခြောက်ဇုံဘက်တို့​၊​ ပရိုင်း​တောဘက်တို့​ အဲဒီမှာ ရှိတာက​တော့​ ရှိ​သေး​တယ်။ သူတို့​ သက်ဆိုင်ရာ ​ကျေး​ရွာက တခြား​မြို့​တွေမှာ သွား​နေပြီး​ ပိုက်ဆံရှိတဲ့​လူ​တွေက​တော့​ လာ​ရောက် အလှူဒါန​တွေ ပြုကြပါတယ်။ ပရိုင်း​တောတို့​ဆို ကျ​နော်သိတာ လုံး​ဝမ​ရောက်​သေး​ဘူး​။”

အောက်တိုဘာလ ၂၀ ရက်​နေ့​ ​ရေကြီး​ရေလျှံပြီး​ခဲ့​ကတည်း​ ပုဂ္ဂလိက အလှူရှင်​တွေနဲ့​ ရပ်ရွာက ​စေတနာရှင်​တွေပါ အကူအညီ​ပေး​တဲ့​အပြင် ပြည်​ထောင်စုအစိုး​ရက​တော့​ ပခုက္ကူခရိုင်က ​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေ အတွက် အ​မေရိကန် ​ဒေါ်လာ ၅ သိန်း​နဲ့​ညီမျှတဲ့​ အကူအညီ​ပေး​မယ်လို့​ ထုတ်ပြန်ချက်​တွေအရ သိရပါတယ်။

ပုဂ္ဂလိက အလှူရှင်​တွေက​တော့​ ဒုက္ခသည်​တွေကို တိုက်ရိုက် လှူဒါန်း​နေပြီး​ အစိုး​ရ အကူအညီ​တွေကို​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှုး​က​နေတဆင့်​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှုး​တွေက​နေ အ​ထောက်အပံ့​ပစ္စည်း​တွေကို ​ထောက်ပံ့​တာလို့​ ​ဒေသခံ​တွေ အ​ပြောအရ သိရပါတယ်။

မြိုင်မြို့​မှာ​တော့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က မြို့​နယ်သံဃနာယက ဥက္ကဋ္ဌ ဦး​စီး​ပြီး​တော့​ ​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​တဲ့​ လုပ်​ဆောင်မှုအ​ပေါ်ကို ကန့်​ကွက်ခဲ့​တယ်လို့​လည်း​ ​ဒေသခံက ​ပြောပါတယ်။

“အဲဒီထဲမှာ ဒီ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ ဦး​စီး​မှူး​ကလည်း​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကလည်း​ သံဃာ​တော်​တွေက ဒီလို အစည်း​အ​ဝေး​လုပ်ပြီး​ ​ကျောင်း​က ဝတ္ထုပစ္စည်း​တွေကို စွန့်​တာ အဲဒါကို အဲဒါကို ခွဲ​ဝေ​ပေး​ဖို့​ရာလည်း​ ​နောက်ထပ် လုပ်​ပေး​မယ်ဟာကို ကန့်​ထား​တယ်​လေ။ ကန့်​ကွက်ထား​တယ် မလုပ်ပါနဲ့​ သူတို့​က မလုပ်နိုင်ရာကျလို့​ ဆိုပြီး​တော့​ ဘုန်း​ကြီး​တွေ အဲဒီလို လုပ်မယ့်​ဟာကို ကန့်​ကွက်ထား​တယ်။ ဘုန်း​ကြီး​ဥက္ကဋ္ဌကို တား​တယ်​ပေါ့​လေ။ ဘုန်း​ကြီး​ဥက္ကဋ္ဌ ကလည်း​ တား​တော့​ မလုပ်ဘူး​။ မ​ကြောက်တဲ့​ ဦး​ဇင်း​တွေကျ​တော့​လည်း​ လုပ်တယ်။”

ပခုက္ကူခရိုင်က ​ရေ​ဘေး​သင့်​ ​ကျေး​ရွာတချို့​မှာ အခုချိန်ထိ အကူအညီ​တွေ မရ​သေး​တာ ရှိ​နေသလို အခြား​ အကူအညီရ​နေတဲ့​ ​ကျေး​ရွာ​တွေမှာလည်း​ အစိုး​ရနဲ့​ ပုဂ္ဂလိက အလှူရှင်​တွေရဲ့​ အကူအညီအ​ထောက်ပံ့​တွေဟာလည်း​ မလုံ​လောက်​သေး​ဘူး​လို့​ ပခုက္ကူခရိုင်​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေတဲ့​ ပခုက္ကူမြို့​က ​ဒေါက်တာကြည်မင်း​က ​ပြောပါတယ်။

“ဒီလိုပဲ သူတို့​ အရင် ယိုင်သွား​တဲ့​ တဲ​လေး​တွေ ​ထောင်မတ်ပြီး​တော့​ ​အောက်ထပ်​နေလို့​ မရတဲ့​လူက အ​ပေါ်ထပ် တက်​နေတာ​ပေါ့​။ ​နောက်ပြီး​တော့​ ဒိုက်​တွေ၊​ သစ်ပင်​တွေ နည်း​နည်း​ရှင်း​ပြီး​တော့​ မီး​သွေး​လို ဖုတ်ပြီး​ ချက်ပြုတ် စား​နေကြတာ ​တွေ့​တယ် ဖြစ်သလို​လေး​ပေါ့​။ ​ကျောင်း​သား​တွေလည်း​ စာအုပ်​တွေ စာတမ်း​တွေ ​မျောပါသွား​လို့​တဲ့​။ တိရစ္ဆာ​တွေ ဘာ​တွေလည်း​ ​မျောပါသွား​တာပဲ။ အခု​တော့​ ဖြစ်သလို ​နေကြ​သေး​တာပဲ။ အခု လာပြီး​တော့​ ကူညီတာ​တွေကလည်း​ သူတို့​အတွက်က​တော့​ တကယ့်​တကယ့်​ မလုံ​လောက်​သေး​ဘူး​။ အလုပ်က လုပ်နိုင်ကြမှာ မဟုတ်​သေး​ဘူး​။ ဆန်​တွေလှူကြတယ်။ ​ရေသန့်​ဘူး​လှူကြတယ်။ ဆီ၊​ ဆား​၊​ ​နောက် အဝတ်အထည် အ​ဟောင်း​တွေပါတယ်။ ​စောင်​တွေပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013