DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ရတနာမျိုးစုံခိုးယူသည့် ထိုင်းနိုင်ငံသားတဦး ဖမ်းမိ
DVB
·
October 21, 2016
တာချီလိတ်တွင် ရတနာမျိုးစုံခိုးယူသည့် ထိုင်းနိုင်ငံသားတဦး ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ရတနာပစ္စည်းမျိုးစုံခိုးယူတဲ့ ထိုင်းနိုင်ငံသားတယောက်ကို ဖမ်းမိထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ရှင်းမန်ရွှေဆိုင်က စိန်၊ ကျောက်၊ ပလတ်တီနမ်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ (၁၆)မျိုး၊ တန်ဖိုးငွေကျပ်(၈၄,၇၆၃,၀၀၀)ခန့်ကို ထိုင်းနိုင်ငံသား Mr. Rachan ထံမှ တွေ့ရှိတာကြောင့် သူ့ကို ဖမ်းဆီးစစ်ဆေးနေပြီး လဝကအက်ဥပဒေနဲ့ အရေးယူနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၂ ရက်က ရှင်းမန်ရွှေဆိုင်ပိုင်ရှင် ဦးချစ်ထူးဟာ မိသားစုနဲ့အတူ စန်းလုရွာကို ကောက်သစ် စားပွဲသွားနေတုန်း ဆိုင်ရှိ ကျောက်မျက်မျိုးစုံ ပျောက်ဆုံးခဲ့လို့ တာချီလိတ်မြို့မရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

ရဲက စုံစမ်းရှာဖွေရာမှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၀ နာရီအချိန် ဆေခမ်းရပ်ကွက် ရောင်နီဦးငါးကန်အနီး မသင်္ကာဖွယ်တွေ့ရှိသူ ထိုင်းနိုင်ငံ၊ ဝူဖန်ပူရီမြို့၊ အန်ဖယ်ရပ်ကွက်နေ ထိုင်းနိုင်ငံသား Mr. Rachan (၄၄) နှစ် ထံကနေ ရှင်းမန်ရွှေဆိုင်က ရတနာပစည်းတချို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား Mr. Rachan ကိုင်ဆောင်ထားတဲ့ အနက်ရောင်အိတ်အတွင်းက ရှင်းမန်ရွှေဆိုင်မှ ပျောက်ဆုံးသွားတဲ့ စိန်၊ ရွှေ၊ ကျောက်၊ ပလတ်တီနမ်မျိုးစုံ(၉)မျိုး၊ ဖုန်းတစ်လုံး၊ ထိုင်းမှတ်ပုံတင်တစ်ခု၊ ဓာတ်မီးတစ်လက်၊ တဘက်တစ်ထည်၊ လျှာထိုးဦးထုပ်တစ်လုံး၊ အနက်ရောင် ကော်သေနတ် တစ်လက်တို့ တွေ့ရှိသိမ်းဆည်းမိခဲ့တယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013