DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်စတင်ဖြစ်ပေါ်၊ မြန်မာ့ကမ်းခြေဒေသဘက် ရွေ့လျှားလာနိုင်
DVB
·
October 21, 2016
မုန်တိုင်းငယ်စတင်ဖြစ်ပေါ်၊ မြန်မာ့ကမ်းခြေဒေသဘက် ရွေ့လျှားလာနိုင်
1 / 3
Donate to DVB

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (လေတိုက်နှုန်း 28-33 knots) အဖြစ် ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့ပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကသူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်းပြီး မြန်မာ့ ကမ်းခြေဒေသရှိရာ အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ဧရာဝတီတိုင်းကမ်းခြေရှိရာကို ရွေ့လျှား လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ကမ်းခြေကိုမ၀င်ရောက်မီ လမ်းကြောင်းပြောင်းကာ အနောက်မြောက်ဘက်ကို ပြောင်းလဲ ရွေ့လျှားသွားမယ်၊ အဲဒီနောက်မှာတော့ အိန္ဒိယနိုင်ငံရှိရာဘက်ကို ဦးတည်ပြီးရွေ့လျှားသွားကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ကမ်းခြေကို ၀င်ရောက်နိုင်တယ်လို့လည်း ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပါတယ်။

မိုးဇလဌာနကတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့  ကချင်ပြည်နယ်တွေမှာ တိမ်အသင့်‌အတင့် ဖြစ်ထွန်းပြီး တနင်္သာရီတိုင်းမှာ နေရာအနှံ့အပြား၊ ပဲခူး၊ ရန်ကုန်နဲ့  ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ  နေရာကျဲကျဲနဲ့ ကျန်နေရာတွေမှာ နရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အင်းအားပြင်း တိုင်ဖွန်းမုန်တိုင်း "ဟိုင်မာ" (Haima)ကတော့  အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေကို ဟောင်ကောင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ခန့်မှန်းထားတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013