DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ဥပဒေပြင်ဆင်ရေး ရေမဆေးကျောက်ရှာသူများ ဖားကန့်တွင် ဆန္ဒပြ
DVB
·
October 20, 2016
ကျောက်မျက်ဥပဒေပြင်ဆင်ရေး ရေမဆေးကျောက်ရှာသူများ ဖားကန့်တွင် ဆန္ဒပြ
1 / 3
Donate to DVB

ကျောက်မျက်ဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ ရေမဆေးကျောက် ရှာသူတွေရဲ့ အခွင့်အရေး အတွက် ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်တိုင်ကွင်းမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ကျောက်သမားတွေအများအပြား ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲထားတဲ့ မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပုဒ်မ ၄၁ နဲ့ ၄၂ ကို ပြင်ဆင်ပေးဖို့၊ ရေမဆေးကျောက်ရှာသူတွေနဲ့ အသေးစားကျောက်တူးဖော်ရေးလုပ်ငန်းတွေ အတွက် အပါအဝင် အချက်ခြောက်ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကရင်စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီက စောမောင်သန်းက “တပိုင်တနိုင်လုပ်တဲ့နေရာမှာ လုပ်ငန်းရှင်ကြီးတွေနဲ့အတူ တန်းတူအခွင့်အရေးပေးရန် တောင်ဆို ထားပါတယ်။ ရေမဆေးကျောက်ရှာဖွေခွင့်မှာလည်း အချက် ၂ ချက်ရှိပါတယ်။ ပထမ အချက်က ကျောက်မျက်တူဖော်သော ကုမ္ပဏီများမှ စွန့်ပစ်သောမြေစာများမှာ နိုင်ငံတော်က သမှတ်သောနေရာတွေ မည်သည့်မြေစာပုံမဆို ရှာဖွေရန် အဲ့ချက်တွေတောင်းဆိုပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသအတွင်းမှာ လွတ်လပ်စွာ ကျောက်စိမ်းကိုင်ဆောင်ခွင့်တွေကိုလည်း ဖားကန့်နေဒေသခံ ကျောက်တူးသမားတွေက တောင်းဆိုပါတယ်။

ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး  ဦးHလှအောင်ကတော့ ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲထားတဲ့ ကျောက်မျက်ဥပဒေဟာ ဒေသခံပြည်သူတွေနဲ့လိုက်လျှောညီထွေ မရှိပဲ အားနည်းမှုတွေရှိနေတယ်လို့ ပြောပါတယ်။

“ပြည်သူလူထုနဲ့ လိုက်လျောညီထွေမှုမရှိတဲ့အတွက်ကြောင့် အခုတတိယ အကြိမ်ပြင်ဆင်မှုကို လွှတ်တော် တင်ပြထားတာတွေရှိတော့ အဲ့ဒီအကြားမှာ တချို့ဟာတွေကတော့ နာဂိုဟာကိုကြိုက်တာရှိတယ်။ အဲ့တာကို လူထုကို အသိပေးချင်တာလည်း ဖြစ်မယ်၊ အာဏာပြတာလည်း ဖြစ်မယ်။ အဲ့လိုမျိုးတွေရှိတယ်။ ကျနော်အနေနဲ့ ဥပဒေမကျသေးတော့ အရေးယူဖို့ မရဘူးဖြစ်နေတယ်။  ဒါကြောင့် ကျနော်တို့ လူထုအသံပဲစောင့် နေရတဲ့ အနေအထားမျိုးမှာဘဲ ရှိနေတာပါ။”

ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲထားတဲ့ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁ နဲ့ ၄၂ မှာတော့ ကျောက်မျက်လုပ်ငန်းကို ခွင့်ပြုမိန့်မရှိပဲ လုပ်ကိုင်တာ လက်ဝယ်ထားရှိတာ စမ်းသပ်တိုင်းတာ တာနဲ့ သယ်ယူပို့ဆောင်မှုတွေလုပ်မယ်ဆိုရင် ငွေဒဏ်အပြင် ထောင်ဒဏ်အနည်းဆုံး တစ်နှစ်ကနေ ခုနှစ်နှစ်ထိ ချမှတ်ခံရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် နယ်မြေဒေသအခြေနေနဲ့မကိုက်ညီဘဲ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို အခုအစိုးရလက်ထက်မှာ ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ဇော်မိုးထက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013