DVB Logo
Home
မြန်မာသတင်း
တစညပါတီခေါင်းဆောင်သစ်များရွေးချယ်မည့် ဗဟိုကော်မတီအစည်းအဝေးကျင်းပ
DVB
·
October 20, 2016
တစညပါတီခေါင်းဆောင်သစ်များရွေးချယ်မည့် ဗဟိုကော်မတီအစည်းအဝေးကျင်းပ
1 / 6
Donate to DVB

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီရဲ့ ၄ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်မှာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ပါတီဌာနချုပ်မှာ ၂ ရက်တာ ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ ပါတီဗဟိုကော်မတီကိုထပ်တိုးချဲ့ဖွဲ့စည်းပြီး ဗဟိုအလုပ်အမှုေ ဆာင်ကော်မတီရွေးချယ်ပွဲကိုလည်း ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ လျို့ဝှက် ဆန္ဒမဲပေး ရွေးချယ်ဖို့ရှိနေတယ်လို့ ပါတီကစုံစမ်းသိရပါတယ်။

ဒါ့အပြင် ပါတီဦးဆောင်ကော်မတီအနေနဲ့ ပါတီ ဥက္ကဋ္ဌ ၁ဦး၊  ဒုဥက္ကဋ္ဌ ၁ ဦး၊ အထွေထွေအတွင်းရေးမှူး ၁ဦး နဲ့ တွဲဖက် ၂ဦး ကိုလည်း ရွေးချယ်သွားမှာဖြစ်ပါတယ်။

လက်ရှိပါတီစည်းမျဉ်းအချက်တွေထဲက ၄၄ချက်ကို အသစ်ပြင်ဆင်ရေးဆွဲထားပြီးလာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာအောင်မြင်မှုရဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး စည်းရုံးရေး ဘဏ္ဍာရေးရှေ့လုပ်ငန်းစဉ်တွေကို ပြင်ဆင်ရေဆွဲထားတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက ပြောပါတယ်။

လက်ရှိ တစည ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီဝင်အရေအတွက် ၄သိန်းကျော်ရှိပြီး ကချင်နဲ့မွန်ပြည်နယ်တို့မှာ တစည ပါတီအားကောင်းတယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းမှာတော့ ဒဂုံဆိပ်ကမ်းနဲ့ ကိုကိုးကျွန်းကလွဲပြီး ၄၃မြို့နယ်မှာ ပါတီရုံးဖွင့်လှစ်ပြီး ပါတီဝင်အင်အား ၅၀၀၀ ထောင်ကျော်နဲ့ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိပါတီ ဥက္ကဋ္ဌ ဦးသန်းတင်ကပဲ ဥက္ကဌ နေရာကို ပြန်လည်ရွေးချယ်ခံရနိုင်ဖွယ်ရှိတယ်လို့ ပါတီဝင်အချို့ကပြောပါတယ်။

လက်ရှိဗဟိုကော်မတီထဲမှာ သတ္ထုတွင်းဝန်ကြီးဟောင်းဗိုလ်မှူးချုပ် သန်းတင်အပါအဝင်၊ ဆောက်လုပ်ရေး ဝန်ကြီးဟောင်း  ဗိုလ်မှူးချုပ် လှထွန်း၊ တရားသူကြီးဟောင်း ဗိုလ်မှူးချုပ်အေးစန်၊ စတဲ့ အငြိမ်းစားတပ်မတော်အရာရှိဟောင်းတွေက ထိပ်ပိုင်းပါတီခေါင်းဆောင်တွေဖြစ်ပြီး ဦးဟန်ရွှေ၊ ဦးသိန်းထွန်းတို့ ကတော့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် တာဝန်ယူ ထားကြပါတယ်။

တစညပါတီဟာ ၁၉၉၀ေ၇ွးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၁၀နေရာ ၊    ၂၀၁၀ ရွေးကောက်ပွဲမှာ  ၆၄ နေရာ အရွေးချယ်ခံခဲ့ရပေမယ့်ပြီးခဲ့တဲ့ ၂၀၁၅ေ၇ွးကောက်ပွဲမှာတော့ အမျိုးသား လွှတ်တော် ၁ နေရာမှာပဲ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013