DVB Logo
Home
မြန်မာသတင်း
မောင်တောတောင်ပိုင်းက ဒုက္ခသည် ၁၀၀ ကျော် နေရပ်ပြန်ပို့
DVB
·
October 20, 2016
မောင်တောတောင်ပိုင်းက ဒုက္ခသည် ၁၀၀ ကျော် နေရပ်ပြန်ပို့
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောတောင်ပိုင်းက ဒုက္ခသည် ၁၀၀ ကျော်ကို ဒီနေ့မနက်မှာ နေရပ်ရင်းကို ပြန်ပို့ပေးခဲ့တယ်လို့ မောင်တောအလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် ဦးမဏိသာရက မိန့်ပါတယ်။

“မနက်ပိုင်းကတင် ဆရာတော်တို့ ကျောင်းက တောင်ပိုင်းနေ ဥဒေါင်း၊ မောရ၀တီ၊ ကိုင်းကြီး၊ အလယ်သံကျော်က လူတွေ ၁၀၀ ကျော်လောက်ကို ကိုယ့်နေရပ်ကို မစွန့်ခွာဘဲ ကိုယ့်နေရပ်ကိုယ် ပြန်နေဖို့အတွက် ပို့ဆောင်ပေးတာ ရှိပါတယ်။ အဲ့ဒီမှာ မြိုတို့၊ ရခိုင်တို့၊ ဗမာ တိုင်းရင်းသားတို့ ပါပါတယ်။”

မောင်တောအလိုတော်ပြည့်ကျောင်းတိုက်မှာ လက်ရှိ မောင်တောမြောက်ပိုင်းက ထွက်ပြေးလာသူ ဒုက္ခသည် ၁၈၀ လောက် ကျန်ရှိနေသေးတယ်လို့လည်း မိန့်ပါတယ်။

အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ကြောက်လန့်တကြား ထွက်ပြေးနေကြရသူပေါင်း ခရိုင်အတွင်း ၁၅၀၀ ကျော် ရှိနေပါတယ်။

အောက်တိုဘာ ၁၉ ရက်က ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့အဖွဲ့ မောင်တောအလိုတော်ပြည့်ကျောင်းတိုက်ကို ရောက်လာပြီး နယ်မြေလုံခြုံရေး လုပ်ဆောင်နေတာတွေ ရှင်းပြခဲ့ပါတယ်။

မောင်တောအလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် ဦးမဏိသာရက ကောက်ရိုးမီး လုံခြုံရေး မလုပ်ဖို့ မိန့်ကြားခဲ့ပါတယ်။

“ဒီဒေသမှာ ဌာနေတိုင်းရင်းသား မရှိလို့ မဖြစ်ဘူး၊ ဌာနေတိုင်းရင်းသားရှိမှ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ခိုင်မြဲမယ်။ ဒါကြောင့်မို့ ကောက်ရိုးမီးလုံခြုံရေးတော့ မလုပ်ပါနဲ့ တောင့်တင်းခိုင်မာသော လုံခြုံရေးတွေ ဌာနေတိုင်းရင်းသားများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ လုံခြုံရေးမျိုး ထားပေးပါလို့ ဆရာတော် တောင်းဆိုခဲ့ပါတယ်။”

ဗိုလ်ချုပ်ကြီး ရဲအောင်က ဒေသအတွင်း လုံခြုံရေးတိုးချဲ့ချထားပေးမှာဖြစ်ပြီး တိုင်းရင်းသားကျေးရွာ ချင်းဆက်လမ်းများ ဖောက်လုပ်ပေးဖို့ရှိတယ်လို့ လျှောက်ထားသွားကြောင်းလည်း မိန့်ပါတယ်။

အစိုးရက အောက်တိုဘာ ၉ ရက်က မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို အာအက်စ်အို အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတဲ့ မူဂျာဟစ်ဒင်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013