DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ၆၉ ခရိုင်တွင်း အနိမ့်ဆုံးနေ့တွက် လုပ်အားခ တိုးမြှင့်မည်
DVB
·
October 20, 2016
ထိုင်းနိုင်ငံ ၆၉ ခရိုင်တွင်း အနိမ့်ဆုံးနေ့တွက် လုပ်အားခ တိုးမြှင့်မည်
Donate to DVB

ထိုင်းနိုင်ငံ ၆၉ ခရိုင်ထဲမှာ အနိမ့်ဆုံး နေ့တွက်လုပ်အားခတွေ တိုးမြှင့်ပေးဖို့ လုပ်အားခ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက ဆုံးဖြတ်လိုပ်ပါတယ်။

အဆိုပါခရိုင်တွင်းမှာ မူလနေ့တွက်လုပ်အားခ တနေ့ ဘတ် ၃၀၀ ကနေ အနည်းဆုံး ၅ ဘတ်မှ အများဆုံး ၁၀ ဘတ်ထိ တိုးမြှင့်ပေးသွားမှာဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင်မယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မွမ်လုန်ပွန်ထရိတ် ဆမိတိက အောက်တိုဘာ ၁၉ ရက်မှာ ကျင်းပတဲ့ န၀မအကြိမ်မြောက်ကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်ပြောကြားပါတယ်။

လုပ်အားခ အနိမ့်အမြင့်နဲ့ ပတ်သက်ပြီး ခရိုင်တွေကို အုပ်စု ၄ စုခွဲခြား  သတ်မှတ်ထားရာမှာ အုပ်စု ၁ မှာပါဝင်တဲ့ ဆင်းပူရီ၊ ချွန်းဖောင်း၊ နခွန်းဆီထမရတ်၊ တရန်း၊ ရနောင်း၊ နရသီဝပ်၊ ပတ္တနီ၊ ယာ့လား စတဲ့   ၈ ခရိုင်ကတော့ လုပ်အားခတိုးမြှင့်ပေးမယ့်ထဲမှာ မပါသေးပါဘူး။

အုပ်စု ၂ မှာပါတဲ့ မယ်ဟောင်ဆောင်၊ နန့်၊ လမ်းပန်း၊ တာ့ခ်၊ ကန်ကျနပူရီ၊ လာ့ခ်ျပူရီ၊ ဆုဖန်းပူရီ၊ ဖေ့ခ်ျပူရီ၊ ဆဒွန်း၊ ဖတ်တလွန်း၊ ဖေ့ခ်ျဘွန်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဖရဲ့၊ ဥထိုင်းဌာနီ၊ ဆကွန်းနခွန်း၊ ကာလာဆင်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ပူရီရမ်၊ ဆူရင်း၊ အမ်နတ်ကျလွန်း၊ ချိုင်းယနတ်၊ လုပ်ပူရီ၊ နခွန်းနာယုတ်၊ ဆာကယောက်၊ ပရကျူတ်ခီရီခန်၊ ဆမုတ်ဆုန်ခန်း၊ ကျန်ထပူရီ၊ တလတ်၊ လမ်းပွန်း၊ ဖယောဝ်း၊ ဆုခိုထိုင်း၊ ဥဒရားဒစ်၊ ဘိန်ကန်၊ နခွန်းဖနုန်၊ ဥဘွန်းရာ့ခ်ျဌာနီ၊ အန်ထောင်း၊ လွေး၊ နောင်ဘိုလမ်းဖူး၊ မုတ်တာဟန်၊ ယဆိုထောင်းန်၊ ချင်းရိုင်း၊ ဗိဆနုလုတ်၊ ဥဒွန်းဌာနီ၊ ချိုင်းယဖုမ်း၊ ဆီစကစ်၊ နခွန်းဆ၀မ်၊ နောင်ခိုင်း စတဲ့ ၄၉ ခရိုင်ကိုတော့ မူလ နေ့တွက် ဘတ် ၃၀၀ မှ  ၃၀၅ ဘတ်ထိ  ( ၅ ) ဘတ် ကိုလည်းကောင်း -

အုပ်စု ၃ ထဲက ခွန်ကင်၊ နခွန်းရာ့ခ်ျဆီမား၊ ပရာကျင်းပူရီ၊ ချွန်းပူးရီး၊ လယောင်း၊ စူရတ်ဌာနီ၊ ဆုန်ခလာ၊ ချင်းမိုင်၊ ဆာကယောက်၊ ချချိန်းဆောဝ်း၊ ကရပိ၊ ဖန်ငါး၊ ဖရနခွန်းဆီ အယုဒ္ဓယ စတဲ့ ၁၃ ခရိုင်ကိုတော့  မူလ နေ့တွက် ဘတ် ၃၀၀ မှ  ၃၀၈ဘတ်ထိ  ( ၈) ဘတ် ကိုလည်းကောင်း -

အုပ်စု ၄ က ဘန်ကောက်၊ နခွန်းပထုန်၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ ဆမွတ်ပရကန်၊ စမွတ်ဆာခွန်း၊ ဖူးကစ် ၀တဲ့ ခရိုင် ၇ ခုကို မူလ နေ့တွက် ဘတ် ၃၀၀ မှ  ၃၁၀ ဘတ်ထိ  (၁၀) ဘတ်ကိုလည်းကောင်း အသီးသီးတိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

လုပ်အားခ သတ်မှတ်ရေးကော်မတီအစည်းအဝေးရဲ့ အဆိုပါဆုံးဖြတ်ချက်ကို ကက်ပိနက်မှာ တင်ပြသွားဖို့  အလုပ်သမားဝန်ကြီးထံ တင်ပြမယ့်အကြောင်း အတွင်းဝန်က ပြောသွားပါတယ်။

အခုလို လုပ်အားခတိုးမြှင့်ပေးမှာနဲ့ ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ကျော်က “ထိုင်းအလုပ်သမားတွေ၊ နိုင်ငံခြားအလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားရေးရာဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ စုပေါင်းပြီးမှ ဒီအခြေအနေ၊ ဒီကာလအနေအထားမျိုးနဲ့ဆိုရင် လုပ်သားတဦးရဲ့ ပျှမ်းမျှဝင်ငွေဟာ ၃၆၀ လောက်ဖြစ်သင့်တယ်လို့ ကျနော်တို့က တောင်းဆိုထားပေမယ့်လည်း အစိုးရအနေနဲ့က သူ့အနေနဲ့လည်း စီးပွါးရေးအရ ချင့်ချိန်ပြီးတော့မှ မူလပမာဏ အနေအထားကနေ တဖြည်းဖြည်းချင်း စတင်တယ်၊ ကျနော်တို့ အနေနဲ့    လုံလောက်တဲ့ ပမာဏထိ မတိုးပေးပေမယ့် မူလအနေအထား ထက်တိုးလာတယ်ဆိုတော့ ကျနော်တို့ကြိုဆိုပါတယ်၊ ၃၆၀ ရတဲ့အထိလည်း ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီး ထပ်မံတွန်း အားပေးဖို့ ရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013