DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ဆက်လက်ရှိနေ
DVB
·
October 20, 2016
လေဖိအားနည်းရပ်ဝန်း ဆက်လက်ရှိနေ
1 / 2
Donate to DVB

အောက်တိုဘာ ၂၀ရက် မြန်မာစံတော်ချိန် (၀၉း၃၀) နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာနက က ထုတ်ပြန်ထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ စရီကာအမည်ရှိ အပူပိုင်းမုန်တိုင်းနဲ့  ဖိလစ်ပိုင်မှာ အား အလွန်ကောင်းတဲ့ ဟိုင်းမာ တိုင်ဖွန်းမုန်တိုင်းတို့ အသီးသီးဖြစ်ပေါ်ချိန်မှာ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာလည်း ခုလို လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာပါ။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်၊ လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။

တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ယနေ့မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး  ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ထူးခြားတဲ့ အခြေအနေအဖြစ်  မနေ့မွန်းလွဲပိုင်း မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက် အရ တုံကင်ပင်လယ်ကွေ့မှာ တည်ရှိနေတဲ့  အပူပိုင်းမုန်တိုင်း “စရီကာ” (Sarika) ဟာ အနောက်မြောက် ဘက်သို့ ရွေ့လျားပြီး၊ နောက် (၂၄)နာရီအတွင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်း၊ ဟနွိုင်းမြို့အနီးမှ ဖြတ်ကျော်ကာ၊ အားလျော့သွားမယ်လို့  ခန့်မှန်းပါတယ်။

[caption id="attachment_172789" align="aligncenter" width="960"]14708318_1434241539923747_201767843611645347_n ဓာတ်ပုံ - ဦးထွန်းလွင်[/caption]

အလားတူ  အင်အားပြင်း တိုင်ဖုန်း 'ဟိုင်းမာ'ဟာလည်း ဖိလစ်ပိုင်နိုင်ငံ  အရှေ့မြောက်ပိုင်း ကမ်းရိုးတမ်းကို  တိုက်ခတ်နေပြီး  မုန်တိုင်းလမ်းကြောင်း ကျနေတဲ့ဒေသက ပြည်သူတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ ဖိလစ်ပိုင် အစိုးရက တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013