DVB Logo
Home
မြန်မာသတင်း
UPDJC စည်းဝေးပွဲ ရက်ပိုင်းအတွင်း ကျင်းပရန်ရှိ
DVB
·
October 20, 2016
UPDJC စည်းဝေးပွဲ ရက်ပိုင်းအတွင်း ကျင်းပရန်ရှိ
Donate to DVB

 

ရန်ကုန်မှာ အခုလုပ်နေတဲ့ နိုင်ငံရေးမူဘောင်စည်းဝေးပွဲက ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့ရင် ရက်ပိုင်းအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စည်းဝေးပွဲ ဆက်လုပ်ဖို့ ရှိနေပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှာ အစိုးရနဲ့ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ ဆွေးနွေးတာရော မူဘောင်သုံးသပ်တာရော နှစ်ခုစလုံးကို လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးပူးတွဲကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်ကစလို့ ရန်ကုန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ အစိုးရ၊တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာဖြစ်ပြီး ဆွေးနွေးပွဲ အောင်မြင်တယ်လို့လည်း သူက ပြောပါတယ်။

မေး-အခု ရန်ကုန်မှာလုပ်နေတဲ့ စည်းဝေးပွဲက နိုင်ငံရေးမူဘောင် ပြန်သုံးသပ်နေတာလား၊ အစိုးရနဲ့ ဒီပီအန်(လက်မှတ်မထိုးသေးတဲ့တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုအဖွဲ့) တို့ အပစ်ရပ်လက်မျတ်ထိုးဖို့ ဆွေးနွေးနေကြတာလား၊အဓိက ဘာ ဆွေးနွေးနေကြတာလည်း၊

ဖြေ-၂ခုလုံး လုပ်နေတဲ့သဘောပါ။ အစိုးရဘက်က ဒီပီအန်တောင်းဆိုထားတဲ့ ၈ ချက်ကိစ္စ သီးသန့်လုပ်နေတာလည်း ရှိတယ်။ ဒါနဲ့ တပြိုင်ထဲမှာပဲ ဒီဘက်မှာလည်း မူဘောင်ကို သုံးသပ်တဲ့ဟာလည်း လုပ်နေတာပေါ့လေ။ တပြိုင်ထဲ လုပ်နေတဲ့ သဘောပါ။

စည်းဝေးပွဲ ပထမနေ့မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တခုလုံးကို ပြန်သုံးသပ်ဆွေးနွေး ခဲ့ကြပြီး မနေ့ကနဲ့ ဒီနေ့မှာတော့ ဆိုင်ရာအလုပ်အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးပွဲဆီသွားမယ့် လုပ်ငန်းလမ်းညွှန်မူကြမ်းကိစ္စ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခု လုပ်နေတဲ့ ဆွေးနွေးပွဲအောင်မြင်ရင် မကြာခင် ရက်ပိုင်းအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စည်းဝေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ ဖွဲ့စည်းပုံပြင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ အတိအလင်း ထုတ်ပြောထားပါတယ်။

လတ်တလောမှာ အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၈ခုတို့ဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေ မှာ လက်မှတ်ထိုးထားကြပြီး လက်နက်ကိုင် ၇ ဖွဲ့ လက်မှတ်ထိုးဖို့ ကျန်ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013