DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်သူ ၁ ဦးသေ၊ ၁၁ ဦး ဖမ်းမိ
DVB
·
October 20, 2016
မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်သူ ၁ ဦးသေ၊ ၁၁ ဦး ဖမ်းမိ
Donate to DVB

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကျားခေါင်းတောင်ရွာမှာ စစ်တပ်က နယ်မြေ ရှင်းလင်းနေတုန်း ဓားနဲ့ ၀င်ခုတ်တဲ့သူ ၂ ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ ၁ ဦး သေဆုံးပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ဒါ့အပြင် မောင်တောရှိ ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်သူ ၁၁ ဦးနဲ့ လက်နက် ၁ လက် ဖမ်းဆီးရမိတယ်လိုလည်း မြ၀တီသတင်းက ဖော်ပြပါတယ်။

အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက ငါးခူရကျေးရွာနားမှာ ငါးခူရရဲစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့  မူစတာအာမတ် (ဘ) စော်ကိန်းအာမတ်အား ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီနေ့ညနေပိုင်းမှာပဲ ဂျီနားခမ်း(ဘ) တော်လီနူ အာလောင်၊ ဆီဒီအာမတ်(ဘ)အာယု၊ ရှားအာလောင် (ဘ) မာမတ်အာလောင်၊ အဏ္ဏ၀ါ(ဘ)ရုရှား၊ အဏ္ဏ၀ါ(ဘ)အစ္စလာမ်၊ အဏ္ဏ၀ါ(ဘ) ဟူဆိန်းအာမတ်၊ အဏ္ဏ၀ါ (ဘ) ဖွယ်ယော့အာမတ်၊ ဒီဆုအာလီ(ဘ) မာမွန်ရော်ဖီ၊ အဒုဇော်ကော်(ဘ) အာမောက် အာလီနှင့် ခင်မောင်ထွန်း (ဘ)ဒီဒါအာမတ်တို့ကို ထပ်မံဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူများရဲ့ ထွက်ဆိုချက်အရ အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာ  ငါးခူရ အလယ်ရွာက ထွက်ပြေး တိမ်းရှောင်နေတဲ့  ကေဖိုက်တူလာ ဆိုသူရဲ့ နေအိမ်ကို ၀င်ရောက်ရှင်းလင်းရာ တစ်လုံးထိုးခေါက် သေနတ် ၁ လက်နှင့် ၎င်းကျည် ၁၁ တောင့်တို့ကို သိမ်းဆည်းရမိပါတယ်။

ဖမ်းဆီးရမိသူ ၁၁ ဦးအား အသေးစိတ် မေးမြန်းစစ်ဆေးနေတယ်လို့ မြ၀တီ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013