DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးလမ်းပြမြေပုံတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး လုပ်ဆောင်ရန် တိုက်တွန်း
DVB
·
October 19, 2016
နိုင်ငံရေးလမ်းပြမြေပုံတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး လုပ်ဆောင်ရန် တိုက်တွန်း
Donate to DVB

နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာအောင် ဆောင်ရွက်ဖို့  အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိ  အရပ်ဘက်အဖွဲ့အစည်းပေါင်း ၉၀ က ကိုယ်စားလှယ်တွေဟာ အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေအတွင်း ၁၄ ကြိမ်မြောက် ငြိမ်းချမ်းရေးဖိုရမ်မှာ မိမိဒေသတွင်းဆိုင်ရာ အခြေအနေတွေ လာရောက်တင်ပြဆွေးနွေးပြီးတဲ့နောက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာ ကွယ်ရေးဦးစီးချုပ်၊ တပြည်လုံး အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကို အိတ်ဖွင့်ပေးစာပေးပို့ပြီး တိုက်တွန်းလိုက်တာပါ။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ် ယုံကြည်မှုအားကောင်းလာစေခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေခြင်း၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ စစ်ကြောင့်ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ ကိစ္စ၊ သယံဇာတတူးဖော်ရေးနဲ့ အကြီးစား ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ စတဲ့ခေါင်းစဉ်ကြီး ၅ ခုအောက်မှာ စုစုပေါင်း အချက် ၁၉ ချက်ကို တိုက်တွန်းခဲ့ကြပါတယ်။

အပူတပြင်း ဆောင်ရွက်ရမယ့်ကိစ္စကတော့ တိုင်းရင်းသားဒေသထိုးစစ်ဆင်မှု ရပ်တံ့ရေးနဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာ အပစ်ခတ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်အောင် ဆောင်ရွက်ရေးဖြစ်တယ်လို့  အရပ်ဘက်အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် အလုပ်အဖွဲ့ကော်မတီဝင် ဦးကျော်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၁ ရာစုငြိမ်းချမ်းရေးညီလာခံပြီးသွားတဲ့နောက်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ မူဘောင်ဆိုင်ရာတွေ ဆွေးနွေးနေတယ်။ အဲဒီကိစ္စမှာ လက်မှတ်မထိုးရတဲ့သူတွေ ပါလာဖို့က အရမ်းအရေးကြီးနေတယ်။ ဒါကအားလုံးပါဝင်ရေးနဲ့  တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် သူတို့ပါဝင်လာဖို့ အရေးကြီးတယ်။”

ဒါ့အပြင် တနိုင်ငံလုံး အပစ်ခတ်ရပ်လက်မှတ်ထိုးပြီးတဲ့အဖွဲ့နဲ့ရော လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ေ တွနဲ့ ပါ တိုက်ပွဲတွေဖြစ်နေကာ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသထဲ ထိုးစစ်ဆင်မှုနဲ့ မလိုလားအပ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်  အရပ်သားလုံခြုံရေးအတွက် သူတို့ အဖွဲ့အစည်းအနေနဲ့ စိုးရိမ်မှုရှိနေတယ်လို့  သူကဆက်ပြောပါတယ်။

ဒါကြောင့်  သက်ဆိုင်ရာအဖွဲ့ရဲ့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ ထိုးစစ်ဆင်မှုရပ်တံ့ပေးအောင်ဆောင်ရွက်ဖို့၊  နှစ်ဘက်ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ တိုက်တွန်းထားတယ်လို့ ဦးကျော်ဂွန်းက ဖြည့်စွက်ပြောသွားပါတယ်။

အဆိုပါ အကြုံပြုချက် တိုက်တွန်းချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေထံ ပေးပို့မယ်လို့ ဦးကျော်ဂွန်းက ပြောသွားပါတယ်။

ဒီအကြံပြုတိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖိုရမ်က အရပ်ဘက်အဖွဲ့ အစည်းတွေဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013