DVB Logo
Home
မြန်မာသတင်း
နစ်မြုပ် ချင်းတွင်းအမြန်ရေယာဉ်ကို ဆယ်ယူနိုင်ပြီ၊ အလောင်းများ တွေ့ရှိ (ရုပ်သံ)
DVB
·
October 19, 2016
နစ်မြုပ် ချင်းတွင်းအမြန်ရေယာဉ်ကို ဆယ်ယူနိုင်ပြီ၊ အလောင်းများ တွေ့ရှိ (ရုပ်သံ)
Donate to DVB

စစ်ကိုင်းဒေသကြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာကမ်းပါးအနီး နစ်မြုပ်ခဲ့တဲ့ အမြန်ရေယာဉ်ကို တာဝန်ရှိသူတွေက ဒီနေ့ညနေပိုင်းမှာ ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ စက်လှေအပေါ်ထပ်မှာ အလောင်း ၁၀ လောင်းထက်မနည်းရှိနေပြီး အောက်ထပ်တွေမှာ ဒီထက်များနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုဝင်းဇော်ခိုင်က  ပြောပါတယ်။

“အခု upper ခန်းထဲမှာက အလောင်းတွေ တော်တော်များများတွေ့နေရတယ်။ ပေါ်တဲ့အနေအထားမှာပေါ့။ တခန်းကို ၅ ယောက်နှုန်းနဲ့ဆိုရင်တော့ ၁၀ တော့ကျော်သွားပြီး။  အပေါ်ခန်းထဲကနေတောင်မှ ထွက်မရတဲ့အနေအထားမျိုးဖြစ်နေတယ်။ အောက်အခန်းတွေ ဆိုရင်တာ့ အပြည့်ဖြစ်နိုင်ပါတယ်။ လှေက အပေါ်တပ်၊ အောက်တ ထပ်ပေါ့နော်။ အပေါ်ထပ်မှာ အခန်း ၁၊ ၂၊ ၃ ရှိတယ်။ အောက်မှာလည်းရှိတယ်။”

အမြန်ရေယာဉ်ဟာ အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီလောက်မှာ ချင်းတွင်းမြစ်တွင်း တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပါတယ်။
ရုပ်သံ- ကိုဝင်းဇော်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013