DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းအမြန်ရေယာဉ် နစ်မြုပ်မှုတွင် သေဆုံးသူ ၅၀ ရှိပြီ
DVB
·
October 19, 2016
ချင်းတွင်းအမြန်ရေယာဉ် နစ်မြုပ်မှုတွင် သေဆုံးသူ ၅၀ ရှိပြီ
1 / 2
Donate to DVB

စစ်ကိုင်းဒေသကြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာကမ်းပါးအနီး အမြန်ရေယာဉ် နစ်မြုပ်မှုအတွင်း ဒီနေ့အထိ သေဆုံးသူပေါင်း ၅၀ ရှိပြီဖြစ်ပြီး ၃၀ လောက်က ကျောင်းဆရာတွေ ဖြစ်ပါတယ်။

တိုင်းကနီလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “ကျနော်တို့ ကနီ နယ်ထဲမှာတော့ ၄၅ လောင်း ဆယ်ပြီးပြီ၊ နောက်ထပ် ချင်းတွင်းမြစ်အောက်ပိုင်းက ရေစကြိုမှာ ၅ လောင်း တွေ့တယ် ဆိုပြီးတော့ ဖုန်းလာတယ်၊ အဲ့ဒါပါ ဆိုရင်တော့ ၅၀ ပေါ့”လို့ ပြောပါတယ်။

နစ်မြုပ်သွားတဲ့ အမြန်ရေယာဉ်ကို ဒီနေ့ ဆယ်ယူနေပြီး ရေယာဉ်ထဲမှာ ပိတ်မိနေတဲ့ အလောင်းတွေလည်း ရှိနိုင်သေးတယ်လို့ ခန့်မှန်းနေကြပါတယ်။

စစ်ကိုင်းတိုင်းပညာရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ အမြန်ရေယာဉ်နစ်မြုပ်မှုအတွင်း ဆရာ ဆရာမ ၃၀ လောက် သေဆုံး-ပျောက်ဆုံးခဲ့ပြီး ၃၅ ဦး အသက်ရှင် ကျန်ရစ်တယ်လို့ သိရပါတယ်။

ကျောင်းဆရာ၊ ဆရာမတွေဟာ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်ကြရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတာပါ။

အမြန်ယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေကပြောဆိုပါတယ်။

နစ်မြုပ်တဲ့အချိန်မှာ လူအများစုက အိမ်မောကျနေပြီး အမိုးပေါ်မှာ စီးတဲ့သူတွေအများစုနဲ့ အဝင်အထွက်လွယ်တဲ့နေရာက လူတွေသာ အသက်ရှင် လွတ်မြောက်ခဲ့တာလို့ အမြန်ယာဉ်ပေါ် လိုက်ပါခဲ့သူတဦးက ပြောပါတယ်။

အမြန်ယာဉ်နစ်မြုပ်ရတာက သတ်မှတ်တန်ချိန်ထက် ကျော်လွန်မှု၊ ဆလင်ရဲ့ပေါ့ဆမှု၊ ရေစီးသန်တာမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ အမြန်ရေယာဉ်မောင်းသူ တဦးက ပြောပါတယ်။

[caption id="attachment_172707" align="alignright" width="960"]သင်္ဘော ဆယ်ယူနေစဉ် (ဓာတ်ပုံ - Kyawmin Aung) သင်္ဘော ဆယ်ယူနေစဉ် (ဓာတ်ပုံ - Kyawmin Aung)[/caption]

အမြန်ရေယာဉ်နစ်မြုပ်မှုအတွင်း ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပြီး ရေယာဉ်ဟာ အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီလောက်မှာ ချင်းတွင်းမြစ်တွင်း တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013