DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတ အတည်ပြုထုတ်ပြန်
DVB
·
October 19, 2016
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတ အတည်ပြုထုတ်ပြန်
Donate to DVB

 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ရင်းနှီးမြှုပ်နှံသူတွေကို အကာကွယ်ပေးဖို့၊ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာစေဖို့ နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေဖို့ စတာတွေအတွက်  ရည်ရွယ်တယ်လို့ ဒီဥပဒေမှာဖော်ပြပါတယ်။

အရင်က မြန်မာနိုင်ငံမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေတခု နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေတခုဆိုပြီး သီးခြား ဥပဒေ နှစ်ခုရှိနေရာကနေ  လက်ရှိ အစိုးရ သစ်လက်ထက်မှာ ဥပဒေတခုထဲ အဖြစ် ပေါင်းစည်းပြီး ထုတ်ပြန်ပြဌာန်းလိုက်တာပါ။

ပုဒ်မ ၁၀၀ ကျော်ပါတဲ့ ဒီဥပဒေမှာ ဥပဒေနဲ့အညီဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းယူတာတွေ မလုပ်ဘူးလို့ အာမခံထားသလို နှစ်ရှည်မြေနဲ့ အဆောက်အအုံ ငှားရမ်းခွင့်ကို ကနဦး နှစ် ၅၀၊ သက်တမ်းတိုးခွင့် ၁၀ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၇၀ ထိလုပ်ကိုင်ခွင့် ပေးထားပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေကို မက်လုံးပေးဆွဲဆောင်တဲ့အနေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး  တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ်မူတည်ပြီး ဇုန် ၃ဇုန်ခွဲထားကာ  ရင်းနှီးမြှုပ်နှံသူတွေ အတွက် ၃ နှစ်ကနေ ၇ နှစ်ထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်လည်း ပေးထားပါတယ်။

မန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို  ပြည်သူ့လွှတ်တော်မှာ  ပြင်ဆင်ချက်တွေပြုလုပ် ဆွေးနွေး တာတွေလုပ်ခဲ့ပေမယ့်  အမျိုးသားလွှတ်တော်မှာတော့ ပြင်ဆင်ဖြည့်စွက်ဆွေးနွေး တာတွေ မလုပ်ဘဲ အမြန်အတည်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013