DVB Logo
Home
မြန်မာသတင်း
ဦးနှောက်ငှက်ဖျားဆေးအတု အသိပေးကြေညာ
DVB
·
October 19, 2016
ဦးနှောက်ငှက်ဖျားဆေးအတု အသိပေးကြေညာ
Donate to DVB

မြန်မာပြည်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချနေတဲ့ Danion ကုမ္ပဏီထုတ် Quinine ဆေးတမျိုးဟာ ဦးနှောက်ငှက်ဖျားဆေးဝါးအတုဖြစ်တယ်လို့ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဈေးကွက်ရှိဆေးဝါးတွေကို ပုံမှန် စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ ဆေးဘူးပေါ် ဖော်ပြချက်အရ Danion Co., Ltd, Samuthprakarn ထုတ် Quinine S Tablet (Quinine Sulfate 300 mg) ဆေးဝါးဟာ မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ ဆေးဝါး အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Quinine ဆေးဝါးဟာ ဦးနှောက်ငှက်ဖျားရောဂါ အဓိကထားကုသတဲ့ ဆေးတမျိုးဖြစ်ပါတယ်။

ဆေးဝါးအတုတွေ မှီဝဲတဲ့ ရောဂါဝေဒနာရှင်တွေဟာ စရိတ်များစွာကုန်ကျတဲ့အပြင် ရောဂါတွေ ပျောက်ကင်းခြင်းလုံးဝမရှိဘဲ ပိုမိုဆိုးရွားတဲ့ အခြေအနေ ခံစားရမယ့်အပြင် အသက် အန္တရာယ် ရှိနိုင်တယ်လို့ လည်း ကျန်းမာရေးဌာနကဆိုပါတယ်။

ကုမ္ပဏီတွေနဲ့ ဆေးဆိုင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ဆေးဝါးတွေ၊ ဆေးဝါးအတုနဲ့ စံမညီဆေးဝါးတွေ တင်သွင်းဖြန့်ဖြူးရောင်းချရင် အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေးယူမယ်လို့လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013