DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည် အယောက် ၉၀ ပြည်တွင်း တရားဝင်ပြန်မည်
DVB
·
October 19, 2016
ဒုက္ခသည် အယောက် ၉၀ ပြည်တွင်း တရားဝင်ပြန်မည်
Donate to DVB

ထိုင်းနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အယောက် ၉၀ ဦး လာမယ့် ၂၅ ရက်နေ့မှာ မြန်မာပြည်ကို တရားဝင်အနေနဲ့ ပြန်လည်ဝင်ရောက်မှာဖြစ်တယ်လို့ စခန်းကော်မတီ ဥက္ကဋ္ဌ စောကယ်ဝေါ်က ပြောပါတယ်။

မြန်မာပြည်ပြန်ဖို့စာရင်းပေးသွင်းသူ အိမ်ထောင်စု ၂၆ စု လူဦးရေ ၉၀ ရှိပြီး သူတို့ ခရီးစဉ်မှာ ထိုင်းအာဏာပိုင်တွေက စခန်းကနေ မြဝတီအထိ ပို့ဆောင်မှာဖြစ်ပြီး မြန်မာတာဝန်ရှိသူတွေ ဘက်ကတော့ ဒီဒုက္ခသည်တွေအတွက် ခရီးသွားလက်မှတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပေးထားတယ်လို့လည်း ပြောပါတယ်။

“ဒီအစီစဉ်က ထိုင်းအစိုးရနဲ့ မြန်မာအစိုးရဘက်ကစီစဉ်ဆောင်ရွက်တာ။ မြန်မာအစိုးရဘက် ပြီးခဲ့တဲ့ စက်တင်ဘာလာက လာရောက်အင်တာဗျူးလာလုပ်တယ်။ ပြီးတော့ ခရီးသွား ထောက်ခံစာ ထုတ်ပေးတယ်။ ထိုင်းအစိုးရ ဘက်ကတော့ စခန်းတွင်းကနေ မြ၀တီနယ်စပ်အထိ ပို့ပေးဖို့ တာဝန်ယူထားတယ်။ ”

နယ်စပ်ရှိ ဒုက္ခသည်တွေအနေနဲ့ ဒါပထမဦးဆုံး တရားဝင်ပြန်မှာဖြစ်လို့ သူတို့အတွက် ယာယီ နားခိုစခန်းအနေနဲ့ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကျောက်လုံးကြီး ယာယီစခန်းမှာ ပြင်ဆင်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကစ မြန်မာပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အစိုးရတပ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိကာ လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပြီး တချို့က တတိယနိုင်ငံတွေကို မိသားစုလိုက် ထွက်ခွာသွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013