DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင် ပုဂ္ဂလိကဆေးရုံ မီးလောင်၊ ၁၉ ဦး သေဆုံး (ရုပ်သံ)
DVB
·
October 19, 2016
အိန္ဒိယတွင် ပုဂ္ဂလိကဆေးရုံ  မီးလောင်၊ ၁၉ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြဒစ်ရှပြည်နယ်ထဲက ပုဂ္ဂလိကဆေးရုံတရုံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က မီးလောင်ခဲ့လို့ လူ ၁၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြည်နယ်ရဲ့ မြို့တော် ဘူဘာနဲ့စ်ဝါက SUM ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်ခဲ့တာလို့ ပြည်သူ့ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ကနဦးသတင်းအချက်အလက်အရ လျှပ်စစ် ဝါယာရှော့ခ်ဖြစ်ရာက စပြီး မီးလောင်တာလို့ မီဒီယာတွေက ပြောပါတယ်။

လူနာ အယောက် ၁၂၀ ကျော်ကို တခြားဆေးရုံတွေဆီ လူနာတင်ကားတွေနဲ့ ရွှေ့ပြောင်း ပေးခဲ့ရတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ တချို့ ဒဏ်ရာရတဲ့ လူနာတွေက အသည်းအသန် အခြေအနေမှာ ရှိနေတုံးဘဲလို့ ပြည်နယ်အတွင်းရေးမှူးချုပ် အဒီတယ ပရာဆဒ် ပါဒီက ပြောပါတယ်။

ဒီဖြစ်ရပ်တွေဟာ စိတ်တွေကို ထုံကျင်သွားစေခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

ဒဏ်ရာရသူတွေကို အနားက အစိုးရဆေးရုံဆီ အမြန် ရွှေ့ပြောင်းဖို့ အိန္ဒိယဝန်ကြီးချုပ်က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013