
ထိုင်းတောင်ပိုင်း ချွန်းပူးရီးခရိုင် စက်မှုဇုံအလုပ်သမား လူငယ်တယောက်ဟာ သူ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ထိုင်းဘုရင်ကြီးနဲ့ ပတ်သက်ပြီး စော်ကားတဲ့ အသုံးအနှုန်းတွေ ရေးသား တာကြောင့် မခံမရပ်နီုင်တဲ့ သူတွေအချင်းချင်းစုပြီး အိမ်တိုင်ရာရောက် ထိုးကြိတ်ခဲ့ ကြပါတယ်။
လမ်းသွားလမ်းလာတချို့ကလည်း ပါဝင်ဆဲဆို ထိုးကြိတ်ပြီး သူ့ကို ထိုင်းမြေမှာ လာပြီး မမွေးသင့်သူ၊ ထိုင်းနိုင်ငံသားမဖြစ်သင့်သူ၊ ထိုင်းဘုရင်ကို စော်ကားသူဟာ ထိုင်းတမျိုး သားလုံးကို စော်ကားလိုက်တာဘဲ၊ ဘယ်လိုဦးနှောက်နဲ့ ရေးတာလဲ စသဖြင့် ဆဲဆိုပြီး ဘုရင်ကြီး ဓာတ်ပုံရှေ့မှာ ထိုင်ကန်တော့ကာ ဦးချတောင်းပန်ခိုင်းပါတယ်။
အဲဒီနောက် သူ့ကို ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး တချို့က ရဲစခန်းထိ လိုက်လံထိုးကြိတ်ခဲ့ပါတယ်။
အဆိုပါလူငယ် အရိုက်ခံရတဲ့ ဗွီဒီယိုဖိုင်ကို Tanwa Malungpan ဆိုသူက သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ဒီကနေ့မနက်က တင်ထားတာဖြစ်ပါတယ်။
အဆိုပါ လူငယ်အရိုက်ခံရတာကို ကွန်မင့်တော်တော်များကလည်း ထပ်မံဆဲဆိုပြီး ဘုရင်ကြီးနဲ့ တကွ တော်ဝင်မျိုးနွယ်တွေကို စော်ကားမော်ကား ရေးထားတဲ့ တခြားသူတွေရဲ့ ပရိုဖိုင်းလ်တွေ ပို့စ်တွေပါ လာရောက်ရှယ်လ်ထားကာ သူတို့တွေလည်း ဒီလိုဝိုင်းပြီး ဆုံးမသင့်တယ်လို့ ရေးထားကြပါတယ်။










