DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကန့်ကွက်ဆန္ဒပြပွဲ ပုဏ္ဏားကျွန်းမြို့တွင် ကျင်းပ
DVB
·
October 18, 2016
အကြမ်းဖက်မှုကန့်ကွက်ဆန္ဒပြပွဲ ပုဏ္ဏားကျွန်းမြို့တွင် ကျင်းပ
1 / 6
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ခဲ့တဲ့  အကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြပွဲ  အောက်တိုဘာလ ၁၈ ရက် မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့မှာ လူဦးရေ ၁ ထောင်လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။

လောကမာရဇိန်ဘုရားကြီးမှာ စုရပ်ကနေ လူဦးရေ ၁ ထောင်လောက်ဟာ ပြည်ထောင်စုလမ်း၊ အေးသာယာလမ်း၊ ဦးဥတ္တမလမ်း၊ မြို့ပတ်လမ်းနဲ့ ရွာဟောင်းလမ်းအတိုင်း လှည့်လည်ပြီး အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မောင်တောမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချသည်၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသော တပ်မတော်သားများကို ထောက်ခံသည်၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများကို အမြန်ဆုံးချေမှုန်းရေးတို့အရေး စတဲ့ ပိုစတာတွေနဲ့ ကြွေးကြော်သံတွေ ဟစ်အော်ဆန္ဒပြခဲ့တာပါ။

ဒီဆန္ဒပြပွဲကို ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မြေ လူမှုရေးအဖွဲ့က ဦးမောင်သန်းဝင်း ဦးဆောင်ခဲ့ပြီး နေ့လယ် ၂  နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

သတင်း - ကိုအောင်

ဓာတ်ပုံ - CJ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013