DVB Logo
Home
မြန်မာသတင်း
ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော
DVB
·
November 1, 2011
ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော
1 / 2
Donate to DVB

သက်ဆိုင်ရာက ဖမ်း​ပြီး​ စစ်​ဆေး​တဲ့​အချိန်မှာ ​ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်ခဲ့​ကြတယ်လို့​ ​လယ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ​ရှေ့​နေကိုဖိုး​ဖြူက ​ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်​နေ့​က ရန်ကုန်မြို့​ ဗိုလ်ချုပ်လမ်း​ပေါ်က အိုး​အိမ်ဦး​စီး​ဌာန​ရှေ့​မှာ ​ရှေ့​နေကိုဖိုး​ဖြူနဲ့​ လယ်သမား​တွေ ဆန္ဒပြတာကို သက်ဆိုင်ရာက လာ​ရောက်တား​မြစ်ပြီး​တဲ့​နောက် ကိုဖိုး​ဖြူနဲ့​ လယ်သမား​ငါး​ဦး​တို့​ အဖမ်း​ခံခဲ့​ကြရပါတယ်။

[caption id="attachment_17253" align="alignleft" width="310" caption="ရှေ့နေ ကိုဖိုးဖြူ"][/caption]

အဲ့​ဒီ​နောက် ကိုဖိုး​ဖြူကို ရန်ကုန်မြို့​ ပြည်လမ်း​ပေါ်မှာရှိတဲ့​ အရင်လွှတ်​တော်အ​ဆောက်အဦထဲက ရန်ကုန်တိုင်း​ ရဲသတင်း​တပ်ဖွဲ့​ ရုံး​ခန်း​ကို​ခေါ်သွား​ပြီး​ စစ်​ကြော​ရေး​လုပ်ရင်း​ ​ရေဆာလို့​ ​ရေ​တောင်း​သောက်တဲ့​ အချိန်မှာ တိုက်ခဲ့​တာဖြစ်တယ်လို့​ ကာယကံရှင်ဖြစ်တဲ့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“ဖမ်း​လာတဲ့​အချိန်မှာ မျက်နှာကို အုပ်တယ်၊​ အဝတ်နဲ့​ အုပ်တယ်။ ပြီး​တော့​ အသက်ရှူ​ပေါက်​ပေး​ထား​တယ်၊​ ပြီး​တဲ့​အခါမှာတာ့​ အနံ့​အရသာ ရှိ​နေတဲ့​ ​ရေကိုတိုက်တယ်။ ​ရေဆိုတာ သဘာဝအား​ဖြင့်​ အနံ့​အရသာ မရှိရဘူး​။ ကျ​နော့်​ကို စစ်​ကြော​ရေး​ပြုလုပ်​နေတဲ့​ အချိန်မှာ​တော့​ အနံ့​လည်း​ ရှိ​နေတယ်၊​ အရသာ တမျိုး​လို့​လည်း​ ခံစား​နေရတယ် ပြီး​တော့​ မူး​လာတယ်။ ဒီလို ပြုလုပ်တာက​တော့​ဖြင့်​ ရဲတပ်ဖွဲ့​ဝင်များ​ စည်း​ကမ်း​ထိန်း​သိမ်း​ရေး​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ မရှိဘူး​။ ဒါ တည်ဆဲ ဥပ​ဒေအရဆိုရင် နိုင်ငံတကာ ဥပ​ဒေအရ ​ပြောမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထား​တဲ့​ အထိန်း​သိမ်း​ခံထား​ရသူ​တွေကို အ​ခြေခံထား​ရှိရမယ့်​ အဆင့်​အတန်း​ နှုန်း​စံ​တွေနဲ့​လည်း​ ညီညွတ်ခြင်း​ မရှိပါဘူး​။ ဒါ စိတ်ပိုင်း​ဆိုင်ရာကို နာရီနဲ့​အမျှ ကြာ​အောင် ညှဉ်း​ပန်း​ခဲ့​ရာ ​ရောက်တယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။”

ရေ​သောက်ပြီး​တဲ့​နောက် သူခံစား​ရပုံကိုလည်း​ ကိုဖိုး​ဖြူက “​သောက်ပြီး​ပြီး​ချင်း​ မသိသာဘူး​။ ၁ မိနစ်၊​ ၂ မိနစ်အတွင်း​မှာ နှလုံး​တွေတုန်လာတယ်။ အသက်ရှူရတာ ကျပ်လာတယ်။ အရမ်း​မောလာတယ်။ လူကနုံး​ခွေပြီး​ အရမ်း​စိတ်ကျသွား​တယ်။ ဒါမျိုး​တွေခံစား​ရပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြတဲ့​ လယ်သမား​တွေကို ကိုဖိုး​ဖြူက ​ခေါင်း​ဆောင်တယ်ဆိုပြီး​ ဖမ်း​သွား​တဲ့​မနက်ကတည်း​က ညပိုင်း​အထိ အဆိုပါ​နေရာမှာ တ​နေကုန်စစ်​ဆေး​ပြီး​ ညကျမှ ဗိုလ်တ​ထောင်ရဲစခန်း​ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

လယ်သမား​တွေကို သူ​ခေါင်း​ဆောင်တာလည်း​ မဟုတ်ဘဲ လယ်သမား​တွေက သူတို့​ရဲ့​ လယ်​တွေ ပြန်​ပေး​ဖို့​ ​တောင်း​ဆိုကြတာ ဖြစ်တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဗိုလ်တ​ထောင်ရဲစခန်း​မှာ​တော့​ စခန်း​မှူး​အပါအဝင် သက်ဆိုင်ရာရဲ​တွေက မိသား​စုလို ဆက်ဆံတယ်လို့​ သိရပါတယ်။

ကိုဖိုး​ဖြူပါ လယ်သမား​ခြောက်ဦး​ကို ပြစ်မှုဥပ​ဒေ ပုဒ်မ၁၄၃ တရား​မဝင်လူစုလူ​ဝေး​မှာပါဝင်မှုနဲ့​ ပုဒ်မ၁၄၅ တရား​မဝင်လူစုလူ​ဝေး​ကို ဖြိုခွဲတဲ့​အခါဖီဆန်တယ်ဆိုတဲ့​အမှု စတဲ့​ နှစ်မှုနဲ့​ ဗိုလ်တ​ထောင်တရား​ရုံး​က တရား​စွဲဆိုထား​ပြီး​ စ​နေ​နေ့​က အာမခံနဲ့​ ပြန်လွှတ်​ပေး​ထား​တယ်လို့​ သိရပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၁ ရက်​နေ့​ ရုံး​ချိန်း​ရှိပြီး​ အစိုး​ရသစ်လက်ထက် ငြိမ်း​ချမ်း​စွာ ဆန္ဒပြသူ​တွေကို ပထမဆုံး​အကြိမ် တရား​စွဲဆိုတာလည်း​ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013