DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုနီယာဂန္ဒီ တွေ့ဆုံ
DVB
·
October 18, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုနီယာဂန္ဒီ တွေ့ဆုံ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီက ဒေလီမြို့ရှိသူ့ရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး အားကောင်းအောင်ဆောင်ရွက်ဖို့ အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

ဆိုနီယာဂန္ဒီဟာ လုပ်ကြံခံခဲ့ရတဲ့ အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ဇနီးဖြစ်ပြီး အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင် နေတဲ့ ၀ါရင့်ခေါင်းဆောင်တဦးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေပါဝင်တဲ့ BIMSTEC ဘင်းမ်စတက်စ် အစည်းအဝေးနဲ့ ရုရှား၊ တရုတ်၊ ဘရာဇီး၊ တောင်အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တဲ့ BRICS ဘရစ်ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ အိန္ဒိယမှာ ရောက်ရှိနေတာပါ။

မနေ့ကတော့ ဂိုအာမြို့ကနေတဆင့် အထူးလေယာဉ်နဲ့ မြို့တော် နယူးဒေလီကို သွားရောက်ပြီး အိန္ဒိယ သမ္မတ အိမ်တော်မှာ တည်းခိုနေတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013