DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားတွေကို ပုဒ်မ လျော့ပြီး စွဲချက်တင်
DVB
·
October 18, 2016
စစ်ကိုင်းအလုပ်သမားတွေကို ပုဒ်မ လျော့ပြီး စွဲချက်တင်
1 / 3
Donate to DVB

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တချို့ကို စွဲဆိုခဲ့တဲ့ပုဒ်မတွေလျော့ချပြီး စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်ဆီးထိန်းသိမ်းထားတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေ ၁၅ ဦးကို ၁၄၃ (ဥပဒေနဲ့ ဆန့်ကျင်သောအစုအဝေးမှာပါဝင်မှု)၊ ၁၄၅ (လူစုခွဲရန်အသိပေးနေတာကို သိလျက်နဲ့ ဥပဒေကို ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု)၊ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ၅၀၅ (ခ) (အများပြည်သူအကျိုးစီးပွားပျက်စေမှု) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားခဲ့တာပါ။

မနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ စွဲချက်တင်ခဲ့တဲ့ ပုဒ်မအချို့ကို လျော့ချခါ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း အပါအ၀င် အမျိုးသား ၁၂ ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)တို့နဲ့ သာစွဲချက်တင်ခဲ့ပြီး အမျိုးသမီး ၃ ဦးကိုတော့ ပုဒ်မ ၁၄၃၊ ၁၄၅ တို့နဲ့ စွဲချက်တင်တော့တာဖြစ်ပါတယ်။

“ဒီကနေ့ ရုံးချိန်းမှာ မနက်ပိုင်းက စွဲချက်တင်လိုက်တယ်။ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)နဲ့ စွဲချက်တင်လိုက်တယ်။ ၁၄၇ ကပြုတ်သွားတယ်။ နောက်မိန်းကလေး ထဲကဆိုရင် ၁၄၃၊ ၁၄၅နဲ့ပဲစွဲချက်တင်တယ်။ ၁၄၇၊ ၅၀၅(ခ) ပြုတ်သွားတယ်။ ဒီပုဒ်မနဲ့စွဲချက်တင်တဲ့ အခါမှာအားလုံးက အပြစ်မရှိဘူးလို့ငြင်းဆိုခဲ့တဲ့ အတွက် ညနေပိုင်းမှာစစ်ဆေးတာစစ်ဆေးမှုအားလုံးပြီးသွားပြီ” လို့ အလုပ်သမားတွေဖက်က တရားလွှတ်တော် ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောတာပါ။

သပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေ၊ ဗကသ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ တွေကို မေလ (၁၈)ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ညောင်လွန့် စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချို့ကို ကျင့်ထုံးဥပဒေအရ ပြန်လည်လွှတ်ပေးခဲ့ရာ ၁၅ ဦးကတော့ ဆက်လက် တရားရင်ဆိုင်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ အပြီးသတ် အမိန့်ချမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ခရီးရှည်လမ်းလျှောက်ဆန္ဒပြနေတဲ့ သစ်အချောထည်စက်ရုံ အလုပ်သမားတွေဟာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့နဲ့ ဒီကနေ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေတဲ့အတွက် ချီတက်တောင်းဆိုခဲ့တာပါ။

မေလ ၁၈ ရက်နေ့မှာတော့ အလုပ်သမားသပိတ်ဟာ နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံရပြီးနောက် နေခင်း ၁ နာရီခွဲမှာ ဖြိုခွင်းဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013