
တရုတ်နိုင်ငံက ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို အောက်တိုဘာ ၁၇ ရက် နေ့က စတင်လိုက်ပြီဖြစ်ပါတယ်။ အာကာသယာဉ်မှူး ကျင်းဟိုက်ပင်နဲ့ ချင်ဒွန်တို့ဟာ အာကာသပတ်လမ်းထဲက တီယန်ဂွန်း ၂ လို့ အမည်ပေးထားတဲ့ အာကာသဓာတ်ခွဲခန်းမှာ တလကြာ နေထိုင်သွားမှာပါ။
အာကာသယာဉ်မှူးနှစ်ယောက် လိုက်ပါမယ့် ရှန်ဂျိုး ၁၁ အာကာသယာဉ်ကို ဂိုဘီသဲကန္တာရကနေ ပစ်လွှတ်ခဲ့ပြီး သူတို့ဟာ ၂ ရက်အကြာမှာ ပြီးခဲ့တဲ့လက လွှတ်တင်ထားတဲ့ အာကာသဓာတ်ခွဲခန်းကို ရောက်ရှိမှာပါ။
တရုတ်နိုင်ငံဟာ အာကာသယာဉ်မှူးတွေ အမြဲနေထိုင်လုပ်ကိုင်မယ့် အာကာသစခန်း တခုကိ ၂၀၁၁ မှာ အမြဲထားနီုင်ဖို့ ကြိုးစားနေပါတယ်။
တရုတ်နိုင်ငံဟာ အရင်တုန်းက အာကာသစူးစမ်းလေ့လာရေးခရီး ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်က Lunar အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို လပေါ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။










