DVB Logo
Home
မြန်မာသတင်း
ဂရိတ်ဝေါလ် သကြားစက်ရုံအတွင်း နိုက်ထရိုဂျင်အိုး ပေါက်ကွဲ၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
DVB
·
October 18, 2016
ဂရိတ်ဝေါလ် သကြားစက်ရုံအတွင်း နိုက်ထရိုဂျင်အိုး ပေါက်ကွဲ၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ၊ ဂရိတ်ဝေါ(လ်) သကြားစက်ရုံအတွင်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ လူတဦး ဒဏ်ရာရရှိပြီး တဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီခွဲအချိန်က မောင်းကုန်းဂရိတ်ဝေါ(လ်) စက်ရုံ ကြိတ်စင်ဌာနအတွင်း အရှည် ၅ ပေ၊ လုံးပတ် ၂ ပေခွဲခန့်ရှိ နိုက်ထရိုဂျင် အိုးထဲမှ အရှည် ၂ ပေ၊ လုံးပတ် ၂ ပေခွဲခန့်ရှိ နိုက်ထရိုဂျင် အိုးထဲသို့ ထက်နိုင်ဝင်းမှ နိုက်ထရိုဂျင်များအား ပေါင်းကူး ဖြည့်နေစဉ် အရှည် ၂ ပေခန့်ရှိအိုးမှာ ပေါက်ကွဲသွားသဖြင့် ထက်နိုင်ဝင်းရဲ့ဝမ်းဗိုက်ကို ထိမှန်ပြီး ဝမ်းဗိုက်ပွင့်ထွက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲနေရာနဲ့ ၁၂ ပေခန့် အကွာတွင်ရှိသော ကျော်ထင်မှာ ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့် အဆောက်အဦရှိ မှန်ကွဲများ ပြုတ်ကျကာ ကျော်ထင်၏ ညာဘက်လက်မောင်း ပြတ်ရှဒဏ်ရာနှင့် နားအူ ဒဏ်ရာများ ရရှိခဲ့ပါတယ်။

"ပေါက်ကွဲတဲ့ အသံကတော့ မောင်းကုန်းတစ်ရွာလုံး သိမ့်သိမ့်တုံသွားတယ်။ ဖြစ်ဖြစ်ချင်း မှာ မီးခိုးလုံးကြီးလို မှောင်မည်းသွားခဲ့တာပါ။ ပေါက်ကွဲတဲ့အသံရဲ့ ရိုက်ခတ်မှုကြောင့် စက်ရုံအပေါ်ဘက်က မှန်တွေဟာ ကွဲပြီးကျလာတယ်။ လောလောဆယ်တော့ အနီးကပ်ကြုံခဲ့တဲ့ ကျော်ထင်က နားမကြားတော့ဘူး။ လက်ဟန်ပြပြီး စကားပြောနေရပါတယ်" လို့ အခင်းဖြစ်စဉ်ကို တွေ့ကြုံခဲ့သူတဦးက ပြောပြပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူ ထက်နိုင်ဝင်းနဲ့ ဒဏ်ရာရရှိခဲ့သူ ကျော်ထင်တို့ နှစ်ဦးကို မြတောင်ဆေးရုံသို့ ဆေးစာနဲ့ ပို့ဆောင်ပေးခဲ့ပြီး သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၆) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ထီးချိုင့်မြို့မရဲစခန်းမှ သိရပါတယ်။
သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013