DVB Logo
Home
Lead Story
ရထားပေါ် အမျိုးသမီးတဦးကို ပွတ်သပ်ရန်ကြိုးစားသည့် အမျိုးသား ရိုက်နှက်ခံရ (ရုပ်သံ)
DVB
·
October 18, 2016
ရထားပေါ် အမျိုးသမီးတဦးကို ပွတ်သပ်ရန်ကြိုးစားသည့် အမျိုးသား ရိုက်နှက်ခံရ (ရုပ်သံ)
Donate to DVB

အမျိုးသားတဦးဟာ မြေအောက်ရထားစီးနေချိန်မှာ ဘေးကပ်လျက်ခုံမှ အမျိုးသမီးတဦးရဲ့ ပေါင်ကို ပွတ်သပ်ဖို့ ကြိုးစားခဲ့တဲ့အတွက် တုံ့ပြန်ရိုက်နှက်ခံခဲ့ရပါတယ်။

အဆိုပါအမျိုးသမီးဟာ ဘောင်းဘီတို ၀တ်ဆင်ထားခဲ့ပြီး သူတို့ဟာ ရထားတွဲတတွဲထဲမှာ အတူကပ်လျက်သား ထိုင်နေခဲ့ကြတာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားဟာ ရုတ်တရက်ပဲ လက်ထဲကစာအုပ်ကို လက်တဘက်နဲ့ မျက်နှာကိုကွယ်ပြီး အပေါ်ကို တင်ခဲ့ပြီးနောက်မှာ ကျန်တဲ့လက်တဘက်က အမျိုးသမီးရဲ့ပေါင်ဆီ လက်ချောင်းတွေနဲ့ ပွတ်သပ်ထိတွေ့ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

အမျိုးသမီးဟာ ရှောင်ရှားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး တိုက်ခိုက်ခဲ့တာလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။

သူဟာ အဆိုပါအမျိုးသားကို လက်နဲ့ဆွဲပြီး ဦးခေါင်းကို အရာဝတ္ထုတခုနဲ့ ထိုးနှက်ရိုက်ခဲ့ချိန်မှာ ဘေးမှာရပ်ကြည့်နေကြတဲ့ ရထားပေါ်ပါ ခရီးသည်တွေဟာ အံ့အားသင့်နေခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အများသုံး မြေအောက်ရထားတစီးပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ရဲတွေကို အကြောင်းကြားခဲ့သလားဆိုတာတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတဦးကတော့ အမျိုးသားရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး “သောက်ငကြောင်ပဲ” လို့ မှတ်ချက်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013