DVB Logo
Home
မြန်မာသတင်း
၉ တန်းကျောင်းသူကို ဆေးပါသည့်အချိုရည်တိုက် အဓမ္မပြုကျင့်မှု ရုံးထုတ်စစ်ဆေးမည်
DVB
·
October 17, 2016
၉ တန်းကျောင်းသူကို ဆေးပါသည့်အချိုရည်တိုက် အဓမ္မပြုကျင့်မှု ရုံးထုတ်စစ်ဆေးမည်
Donate to DVB

 

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူကို မူးယစ်ဆေးပါတယ်လို့ ယူဆရတဲ့ အချိုရည်တိုက်ပြီး သားမယားပြုကျင့်ခဲ့တဲ့အမှုကို အောက်တိုဘာ ၁၈ ရက်နေ့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိနေပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ သန်းကိုကိုမောင်ဆိုသူကို စက်တင်ဘာလ ၈ ရက်နေ့ကတည်းက ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။

ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်း‌‌ကျောင်းသူ အမျိုးသမီးငယ်ကို တရားခံလို့ ယူဆရတဲ့ သန်းကိုကို‌မောင် ဆိုသူက စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းက လှည်းတန်းစင်တာ‌ရှေ့မှာ ချိန်းဆိုကာ လိမ္မော်အချိုရည် တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားချိန်မှာ သန်းကိုကိုမောင်ရဲ့ အိမ်ကနေတဆင့် တည်းခိုခန်းကို ခေါ်ဆောင်သွားပြီးနောက်  အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။

သန်းကိုကိုမောင်ဆိုသူကို စက်တင်ဘာလ ၈ ရက်နေ့က ဒဂုံမြောက်ပိုင်းမြို့နယ်က တည်းခိုခန်းတစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တို့က သွားရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားခံလို့ ယူဆရတဲ့ သန်းကိုကို‌မောင်ကို ပြစ်မှုဆိုင်ရာဥပ‌ဒေပုဒ်မ၃၆၃၊ ၃၇၆ နဲ့ ကမာရွတ်ရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်စဉ်မှာ အမှုကွင်းဆက်နဲ့ ဆက်စပ်သူတွေကို ထပ်မံအမှုဖွင့် တရားစွဲဆိုတာ မရှိတဲ့အတွက် သူတို့ကိုပါ တရားစွဲဆိုနိုင်ဖို့ တရားရုံးကို ဦးတိုက်လျှောက်သွားမယ်လို့ ကျူးလွန်ခံရသူရဲ့ ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013