Home
မြန်မာသတင်း
အင်္ဂလန်တွင် ကလေးငယ် ၂ ဦး ခွေးကိုက်ခံရ၊ ၁ ဦး သေဆုံး
DVB
·
October 17, 2016
_91933596_20161014archiejoe-daniel-jaydarby-3
  အင်္ဂလန်နိုင်ငံမှာ အိမ်မွေးခွေးတကောင်က ကိုက်လို့ ၄ လသားအရွယ် ကလေးငယ်တဦး သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ်တဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာကြောင့် ဆေးရုံတင်ထားရပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့က အင်္ဂလန်နိုင်ငံ အက်စက်စ်ကျေးလက်က ကိုလ်ချက်စ်တာမြို့လေးမှာ ၄ လသားအရွယ် အာခီဒါဘီလို့ ခေါ်တဲ့ကလေးဟာ သူ့အဒေါ်ပိုင်တဲ့ ခွေးကိုက်ခံခဲ့ရပြီး သေဆုံးသွားပါတယ်။ ကလေးရဲ့ အစ်ကိုဖြစ်သူ အသက် ၂ နှစ်အရွယ် ဒန်နီယယ်လ်ဂျေဒါဘီကတော့ ဒဏ်ရာ အပြင်းအထန်ရရှိပြီး ခုထိ ဆေးရုံပေါ်မှာပါ။ အက်စက်စ်ရဲဌာနနဲ့ ရာဇဝတ်မှုအရာရှိဖြစ်သူ ရော်ဂျာဟာ့စ်ထ်ကတော့ “ခွေးက ကလေးတွေရဲ့အဒေါ် ပိုင်တာ။ ဒီအမျိုးသမီးကလည်း ရဲဌာနမှာ အလုပ်လုပ်တာလို့” အတည်ပြု ပြောကြားပေမယ့် ဘယ်ဌာနနဲ့ ဘယ်ရာထူး ဆိုတာကိုတော့ အတည်ပြုမပြောကြားနိုင်ပါဘူး။ တခြားသတင်းဌာနရဲ့ပြောကြားချက်အရတော့ ခွေးပိုင်ရှင် အမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ် ကလဲရ်ဖာဒီနန်ဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ ရာဇဝတ်မှုအရာရှိဖြစ်သူ မစ်စတာဟာ့စ်ထ်က မိသားစုပိုင် ဒီအိမ်ခွေးက စတက်ဖို့ဒ်ရှိုင်းရား ဘူးလ်တယ်ရီရာ ခွေးအမျိုးအစား ဖြစ်မယ်လို့ ယူဆပြီး “ဒီခွေးမှာ ဒီလို ရန်လိုတဲ့ အပြုအမူနဲ့ ရက်စက်တဲ့ အပြုအမူလည်း မရှိခဲ့ဘူးပါဘူး”လို့ ဆိုပါတယ်။ ကလေးတွေရဲ့မိခင်လည်း အိမ်ထဲမှာ ခွေးကိုက်လိုက်လို့ အသေးစားဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကလေးတွေရဲ့မိခင်က “ကျမတို့ရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ၄ လ ကလေးလေးက ဆုံးပါးသွားပြီ။ ကျမတို့ရဲ့ နောက်ချစ်စရာ ၂၂ လ သားလေးတော့ ဆေးရုံပ်ါမှာ ဒဏ်ရာအပြင်းအထန်နဲ့ ကုသခံနေရတယ်။ လှပတဲ့ နတ်သားလေးကတော့ ကောင်းကင်ဘုံကို ထွက်သွားရှာပြီ။ ကျမတို့အားလုံးကို သူ သတိရနေမှာပါ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024