DVB Logo
Home
မြန်မာသတင်း
သခင့်အပေါ် လေးစားမှုနှင့် ချစ်ခြင်းမေတ္တာကို ပြသလိုက်သည့် ဆင်မလေး(ရုပ်သံ)
DVB
·
October 17, 2016
သခင့်အပေါ် လေးစားမှုနှင့် ချစ်ခြင်းမေတ္တာကို ပြသလိုက်သည့် ဆင်မလေး(ရုပ်သံ)
Donate to DVB

    ခမ်းလာဟာ ထိုင်းနိုင်ငံ၊ မယ့်တအန်ခရိုင်၊ သဘာဝဆင်ထိန်းသိမ်းကာကွယ်ရေး ဘေးမဲ့ဥယျာဉ်ထဲက ဆင်မလေးတကောင်ပါ။

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ သူဟာ သခင့်အပေါ် ယုံကြည်လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်ခဲ့ပါတယ်။

    ဘေးမဲ့ဥယျာဉ်တောဝန်ထမ်းတဦးဖြစ်တဲ့ ဒဲရစ်ခ်သွန်မဆင်ဟာ အဲဒီနေ့က ရေစီးသန်တဲ့ ချောင်းတခုတွင်းမှာ ရေကူးနေခဲ့တာဖြစ်ပြီး ရုတ်တရက် ရေစီးကြောင်းထဲ မျောပါတော့မယောင် ဟန်ဆောင်ခဲ့ချိန်မှာ ဆင်မလေးက လာရောက်ကယ်တင်ခဲ့တာပါ။

    ခမ်းလာဟာ သခင့်အနီးကို ရေထဲမှ အလျင်အမြန်ရောက်လာခဲ့ကာ နှာမောင်းကို ခိုတွယ်နိုင်ဖို့ နီးနီးကပ်ကပ် ဖြတ်ကူးသွားခဲ့တာကို တွေ့ရပါတယ်။

    အဲဒီနောက်တော့ ဒဲရစ်ခ်ဟာ သူ့ရဲ့ နှာမောင်းကို ခိုတွယ်ပြီး ကမ်းပေါ် ပြန်တက် သွားခဲ့တာပါ။

    ခမ်းလာဟာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ချင်းမိုင်သဘာဝဆင်ဘေးမဲ့ဥယျာဉ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဒဲရစ်ခ်က ထိန်းလာခဲ့တာ ဖြစ်ပါတယ်။

    အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒဲရစ်ခ်နဲ့ ဆင်မလေး ခမ်းလာကြားမှာ ခိုင်မာ တဲ့ ဆက်နွယ်မှုရှိနေတာပါ။

    ဒဲရစ်ခ်က “ဒီချောင်းထဲကို သွားခဲ့တာဟာ လူသားတွေနဲ့ သူတို့ဆင်တွေကြားက ပတ်သက်ဆက်နွယ်မှုကို အမှတ်ရစေဖို့ပါပဲ။ ခင်ဗျားတို့က သူတို့ကို နွေးထွေးကြင်နာတဲ့ အပြုအမူပြရင် သူတို့ကလည်း ခုလိုပဲ တုံ့ပြန်ကြမှာပါပဲ”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013