DVB Logo
Home
မြန်မာသတင်း
တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဂိုအာမြို့တွင်တွေ့ဆုံ
DVB
·
October 17, 2016
တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဂိုအာမြို့တွင်တွေ့ဆုံ
Donate to DVB

အိန္ဒိယနိုင်ငံ  ဂိုအာမြို့မှာ ရောက်နေတဲ့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တရုတ်သမ္မတရှီကျင်ပင်းတို့ တွေ့ဆုံပြီး နှစ်နိုင်ငံလက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ် ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ဘင်းမ်စတက် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးနဲ့ ရုရှား-တရုတ်-ဘရာဇီး- တောင်အာဖရိက နိုင်ငံတွေပါဝင်တဲ့ BRICS ထိပ်သီး အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဖို့ အိန္ဒိယမှာ ရောက်နေစဉ် တရုတ်ခေါင်းဆောင်နဲ့ မနေ့က သီးခြားတွေ့ဆုံဆွေးနွေးခဲ့တာပါ။

ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍတွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းကြီးတွေ၊ စက်မှုဇုန်တွေ၊ အခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးနဲ့ ဒေသဆိုင်ရာ ကိစ္စ တွေပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ဟာ  ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး မြန်မာလူထုဟာလည်း တိုင်းပြည်အခြေအနေနဲ့ သင့်တော်မယ့်  ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ တဖြည်းဖြည်း တိုးတက်အောင်၊ နိုင်ငံဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေးမှာ အောင်မြင်မှုသစ်တွေ ရအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း တရုတ်သမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း  မြန်မာအနေနဲ့ တရုတ်ကို အရေးအကြီးဆုံး အိမ်နီးချင်းအဖြစ် မြင်တဲ့အကြောင်း၊  နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်တွေ မကြာခဏ ဆွေးနွေးဖလှယ်မှုတွေ ဆက်လုပ်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ကာလရှည်ကြာ အကူအညီပေးခဲ့တဲ့အတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာလည်း တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013