DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အပါဝင် ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်
DVB
·
October 16, 2016
ဖွဲ့စည်းပုံပြင်ရေး အပါဝင် ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်
1 / 3
Donate to DVB

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း စတဲ့ အချက်တွေ ပါဝင်တဲ့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က လုပ်ခဲ့တဲ့ အန်စီအေ တနှစ်ပြည့်အခမ်းအနားမှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောခဲ့တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြင်ဆင် အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် 21st Century Panglon Conference Agreement လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စုသဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

တခါ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့်အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုပြီး လမ်းပြမြေပုံ ၇ ချက် ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂  စိုင်းကျော်ညွန့်က ဒီလမ်းပြမြေပုံ ၇ ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ချမှတ်လိုက်တာဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံနဲ့ ပြောမယ်ဆိုရင် ဒီတိုင်းပဲ သွားရတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင် ဒါက နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ နိုင်ငံရေးသဘောတူညီမှုပဲ ပြောပြော၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထွက်လာတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ပဲ ပြောပြော ဒါက နိုင်ငံတကာမှာ အမြင့်ဆုံးပဲလေ။ တချို့နိုင်ငံတွေဆိုရင် ရရှိလာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ပေါ် မူတည်ပြီးတော့ အခြေခံဥပဒေ ဖြစ်သွားတယ်။ တချို့နိုင်ငံတွေဆိုရင်လည်း ရရှိလာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုက အခြေခံဥပဒေ ဖြစ်သွားတယ်လေ။ နိုင်ငံတကာအတွေ့အကြုံနဲ့ဆိုရင်တော့ ဒါက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့နည်းလမ်းက လမ်းမှန် ဖြစ်တယ်လေ။”

ဒီလမ်းပြမြေပုံကို ထုတ်ပြောလိုက်တဲ့အတွက် အခြေခံဥပဒေကို ပြင်မယ်လို့ တရားဝင် ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

14725248_10207447574930142_394435045_o

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013