DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ ခရီးထွက်ခွာ
DVB
·
October 16, 2016
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ ခရီးထွက်ခွာ
1 / 3
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး စတင်လိုက်ပါတယ်။

သူဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC Retreat အစည်းအဝေးနဲ့ BRICS-BIMSTEC Leaders' Outreach Summit တွေ တက်ရောက်ဖို့နဲ့ အိန္ဒိယနိုင်ငံသမ္မတနဲ့ ၀န်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်တွေအရ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ဒီမနက်ပဲ အိန္ဒိယနိုင်ငံ ဂိုအာမြို့ကို နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ခဲ့ပြီး ခုတခါ တောင်အာရှဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသင်း ဘင်းမ်စတက်စည်းဝေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။

တခါ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုပ်နဲ့ တောင်အာဖရိကနိုင်ငံများ ပါဝင်တဲ့ BRICS ထိပ်သီးအစည်းအဝေးပွဲကိုလည်း သူ တက်ရောက်မှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013