DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သူ ၃ ဦး အသေဖမ်းမိ
DVB
·
October 16, 2016
မောင်တောတွင် အကြမ်းဖက်သူ ၃ ဦး အသေဖမ်းမိ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ရဲက နယ်မြေရှင်းလင်းစဉ် ဓားနဲ့တိုက်ခိုက်လာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို အသေပစ်သတ်ဖမ်းဆီးလိုက်ရတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

လိပ်အိုင်ရွာမှာ နယ်မြေရှင်းလင်းစဉ် ၃ ဦး အသေဖမ်းမိတာဖြစ်ပြီး ရီဒါး ကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းရာမှာတော့ အမျိုးသား ၄ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မောင်တောမြို့နယ်၊ လိပ်အိုင်ကျေးရွာမှာ စစ်တပ်နဲ့ရဲက ရှင်းလင်းနေတုန်း ရွာအတွင်းက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အမျိုးသားတစ်ဦးက လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ကြပ် သောင်းညိုအား အရိုးအသွား လေးပေခွဲခန့်ရှိ ဓားရှည်နဲ့ လည်းကောင်း၊ ရဲတပ်သား ထက်ဇော်ဦးနဲ့ ရဲတပ်သား ခင်စိုးတို့အား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အမျိုးသမီး နှစ်ဦးတို့က အရိုးအသွား နှစ်ပေခွဲခန့်ရှိ ဓားချွန်နဲ့လည်းကောင်း ထိုးပြီးထွက်ပြေးခဲ့ကြပါတယ်။

ထွက်ပြေးသူတွေကို လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးတို့ကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် ရီဒါး ကျေးရွာတစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းမှာ  အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ကော်လီမူလာ(ဘ)အာဘူ ဟာရှိန်း၊ ကော်မာလူဟူဒါး(ဘ)လော်လီမူလာ၊ နုဒူဟူဒါး(ဘ) ကော်လီမူလာနှင့် ဟာဘူတာရှိန်း(ဘ)ကော်လီမူလာတို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ လေးဦးအား ကြိမ်ချောင်းရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး သတင်းဆက်ရရှိရေး စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

14715437_994111627383370_387816385102023822_oအစိုးရသတင်းအရ ဘဂါင်္လီအင်အား ၄၀၀ လောက်ဟာ လက်နက်အစုံအလင်နဲ့ မောင်တောခရိုင်အတွင်း ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013