DVB Logo
Home
မြန်မာသတင်း
ကားဝယ်ရောင်းဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိ
DVB
·
October 15, 2016
ကားဝယ်ရောင်းဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိ
Donate to DVB

မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီး ၁၀ ခုနီးပါးက ပြည်တွင်းမှာ လာရောက်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် ကားဝယ်ရောင်းဈေးကွက်က ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိပါတယ်။

ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ကိုးရီးယားနိုင်ငံက ဟွန်ဒိုင်း၊ ဂျပန်နိုင်ငံက နစ်ဆန်းနဲ့ ဆူဇူကီး စတဲ့ ကုမ္ပဏီကြီး ၁၀ ခုနီးပါးက ပြည်တွင်းဈေးကွက်အတွက် လာရောက်ထုတ်လုပ်ဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းကားဝယ်ရောင်းဈေးကွက်မှာ အသစ်နဲ့ အဟောင်းက ဈေးကွက်ပြိုင်ဆိုင်မှုရှိလာမှာ ဖြစ်တယ်လို့ မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပြောပါတယ်။

“ကားဆိုတာလည်း အသစ်ဝယ်ပြီးတာနဲ့ ပြန်ရောင်းချင်တဲ့လူ ရှိတာကိုး။ အဲဒီအခါကျရင် ဒီဟာ ပြန်လဲသွားမယ်ပေါ့နော်။ အဟောင်းဈေးကွက်အတွက်လည်း အတိုင်းအတာတခု ရှိနေမယ်။ ဒါပေမယ့် အသစ်ဈေးကွက်က ပိုပြီးကျယ်လာမယ်ပေါ့နော်။ လက်ရှိမှာတော့ အဟောင်းနဲ့ အသစ် ဈေးကွက်ကို ပြောရင် ကျနော်တို့က အဟောင်းက ၉၈ ရာခိုင်နှုန်းလောက် ရှိပြီး အသစ်ဈေးကွက်က ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ သို့သော်လည်း အဲဒီ percentage ပြောင်းလာမယ်ပေါ့နော်။ ၉၈ ရာခိုင်နှုန်းကနေ ဆိုပါစို့၊ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်ထိ ကျသွားမလားပေါ့နော် ကားအဟောင်းက။ အသစ်က ၂ ရာခိုင်နှုန်းကနေ ၂၀၊ ၃၀ ရာခိုင်နှုန်းလောက်အထိ တက်လာမယ့်သဘော ရှိပါတယ်။”

ပြည်ပကနေ အသုံးပြုပြီးသားကား တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တဦးကတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားအသစ်က အပိုပစ္စည်းရှားပါးမှု ရှိတာကြောင့် ပြင်ဆင်စရိတ်ကြီးမြင့်တဲ့ အားနည်းချက်တော့ ရှိမယ်လို့ ပြောပါတယ်။

KL-7 ကားအရောင်းစင်တာက အမ်ဒီ ဦးကြည်သာဟန်က “ဒီမှာ ထုတ်လုပ်တယ်ပဲ ပြောပြော ကျနော်တို့ ဒီရဲ့အပိုပစ္စည်းက ဘယ်လောက်အထိ ရောက်နိုင်မလဲ။ အဟောင်းဈေးကွက်ထဲမှာ ဘယ်လောက်အထိ ရှိမလဲ။ ဥပမာ ဆိုပါစို့။ ဆူဇူကီးက ထုတ်တဲ့ Brand New ကားတွေ။ ဒီရဲ့ Brand New ပစ္စည်းတွေက ဈေးကွက်ထဲက အဟောင်းပစ္စည်းဆိုင်မှာ လွယ်လွယ်ကူကူ ဝယ်လို့မရဘူး။ တကယ်လို့ ပျက်လို့ ပြင်မယ်ဆိုရင် Showroom ပဲ ပို့ရမှာ။ ဥပမာ ဟွန်ဒိုင်း။ ဟွန်ဒိုင်းဆိုလည်း ဒီအတိုင်းပဲ။ ကိုရီးယားကားတွေပေါ့။ ဟွန်ဒိုင်းရယ်လို့ မဟုတ်ဘူး။ ကိုရီးယား ဘယ် Brand ပဲဖြစ်ဖြစ် ဒီမှာ Showroom လာဖွင့်ထားတဲ့ Brand တွေ ရှိတယ်။ Dealership တွေ ရှိတယ်။ သူတို့အိမ်မှာ ပစ္စည်းပျက်သွားရင် Showroom တွေကိုပဲ၊ သူတို့ Service Centre တွေကိုပဲ ပို့ရတယ်။ ပို့ရတဲ့အတွက် တခါတလေကျတော့ သူတို့က ပစ္စည်းကလည်း အသစ်ပဲ သုံးပေးရတာကိုး။ အသစ်ပဲ သုံးပေးရတာဖြစ်တဲ့အတွက် Service ပိုင်းမှာ ပစ္စည်းတွေ တန်ဖိုးကြီးမြင့်တာတွေ ဖြစ်ပေါ်စေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ ကားပါကင် ထောက်ခံချက်နဲ့ တင်သွင်းခွင့်ကို ရပ်နားထားတာကြောင့် ယာဉ်အိုအပ်နှံ စလစ်တန်ဖိုးက မြင့်တက်မှု ရှိနေပါတယ်။

ဒီအတွက် ကားတန်ဖိုးကလည်း ၃၀ ရာခိုင်နီးပါး မြင့်တက်သွားပြီး အရောင်းအဝယ်ကတော့ အေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013