DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ​ရေ​ဘေး​ဒုက္ခသည်များ​ အကူအညီ လိုအပ်
DVB
·
October 31, 2011
Donate to DVB

ပခုက္ကူခရိုင် ​ပေါက်မြို့​နယ်အတွင်း​ ​ရေ​ဘေး​သင့်​ခဲ့​တဲ့​ ရွာ​ပေါင်း​ ၄၅ ရွာက ပြည်သူ ၁၄၀၀ ​ကျော်ဟာ စား​ဝတ်​နေ​ရေး​နဲ့​ အ​ခြေခံလိုအပ်ချက်​တွေ အ​မြောက်အမြား​ ရှိ​နေဆဲလို့​ သိရပါတယ်။

ပေါက်မြို့​နယ်အတွင်း​က ​ယော​ချောင်း​ရေတက်လို့​ ဆယ်ရက်​ကျော် ​ရေ​ဘေး​သင့်​နေတဲ့​ ​ရေပြာ၊​ ကျွန်း​အင်း​၊​ တွင်း​၊​ ​ချောင်း​နား​၊​ တပ်ကုန်း​၊​ လက်ပံလှ၊​ အုန်း​တော စတဲ့​ ​ကျေး​ရွာ​တွေက ရွာသား​တွေ အကူအညီလိုအပ်​နေကြတယ်လို့​ ကူညီကယ်ဆယ်​ရေး​လုပ်​နေတဲ့​ နာ​ရေး​ကူညီမှုအသင်း​ ရန်ကုန်က ကို​အောင်စိုး​က ​ပြောပါတယ်။

“​လော​လောဆယ်မှာ​တော့​ သူတို့​က စား​ဖို့​သောက်ဖို့​က အဓိကဖြစ်​နေတယ်။ ကျ​နော်တို့​ သွား​မေး​တဲ့​အချိန်မှာပဲ တပတ်​လောက်ပြီး​သွား​ရင် သူတို့​က ဘာစား​ရမလဲတဲ့​။ တပတ်​လောက်ပြီး​သွား​တဲ့​ အချိန်မှာ ဆန်​ရေစပါး​က ပြတ်သွား​မယ်။ ဆန်​ရေစပါး​သာရှိရင် စား​လို့​ရတယ်တဲ့​။ အိုး​ခွက်ပန်း​ကန်​တွေ ပါလိုတယ်။ ​စောင်လိုတယ်။ ခြင်ကလည်း​ကိုက်တယ်။ ချမ်း​လည်း​ချမ်း​တယ်။”

သူတို့​အဖွဲ့​ဟာ ​ရေ​ဘေး​ဒုက္ခသည်​တွေကူညီဖို့​ ​ပေါက်မြို့​နယ်ထဲကို ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာလ ၂၆ ရက်​နေ့​ကတည်း​က ​ရောက်ရှိ​နေကြပြီး​ ဆန်၊​ ဆီ၊​ ဆား​ နဲ့​ အိုး​ခွက်ပန်း​ကန် စတဲ့​အ​ခြေံစား​ကုန်​တွေကို လှူဒါန်း​နေကြတာဖြစ်ပါတယ်။

စက်​လှေသုံး​စီး​နဲ့​ သွား​ရေး​လာ​ရေး​ခက်ခဲတဲ့​နေရာ​တွေ၊​ တခြား​အလှူရှင်​တွေ အ​ရောက်အ​ပေါက်နည်း​တဲ့​ ရွာ​တွေကို လိုက်လံကူညီ​နေတယ်လို့​ ဆိုပါတယ်။

ဒါ​ပေမယ့်​ ​ရေဆန်ခရီး​ကြမ်း​နဲ့​ စက်​လှေ​ချောဆွဲခံရ တာ​ကြောင့်​ လမ်း​ခရီး​ကြန့်​ကြာမှု​တွေရှိခဲ့​ပြီး​ ကူညီ​ရေး​အဖွဲ့​တွေ အဆင်​ပြေဖို့​ သက်ဆိုင်ရာက ပံ့​ပိုး​ကူညီ​ပေး​ ဖို့​ ကို​အောင်စိုး​က ​ပြောပါတယ်။

“ကယ်ဆယ်​ရေး​ လုပ်တဲ့​အချိန်မှာ အကုန်လုံး​တော့​ မနိုင်ဘူး​လေ။ ဒါ​တော့​ လက်ရှိအစိုး​ရအ​ပေါ်မှာ ကယ်ဆယ်​ရေး​အဖွဲ့​တွေကို နည်း​နည်း​ကူညီ​ပေး​စေချင်တယ်။ လမ်း​ပန်း​ဆက်သွယ်​ရေး​က ကား​နဲ့​သွား​လို့​လည်း​မရဘူး​။ စက်​လှေကို အဓိကထား​ သွား​တဲ့​အချိန်မှာ စက်​လှေကိုလုပ်အား​ပေး​ ​ခေါ်သွား​တာတို့​၊​ လူ​တွေကို လုပ်အား​ပေး​ခေါ်သွား​တာတို့​ ကျ​နော်တို့​အတွက် နည်း​နည်း​လေး​အခက်အခဲ ဖြစ်​နေတယ်။ ခက်ခက်ခဲခဲ နွား​လှည်း​တွေနဲ့​ သယ်ရတာရှိတယ်။ လူ​တွေထမ်း​သယ်ရတာ ရှိတယ်။ အဲဒါ​လေး​တော့​ အဆင်​ပြေချင်တယ်။”

ရေ​ဘေး​အလှူမှာ အကူ​ငွေ​ပေါင်း​ကျပ်သိန်း​နှစ်ရာ မတည်ပြီး​ ကူညီသွား​မှာဖြစ်ပြီး​ ပျက်စီး​ဆုံး​ရှုံး​မှုများ​တဲ့​အတွက် ဝိုင်း​ဝန်း​ကူညီကြဖို့​ နာ​ရေး​ကူညီမှုအသင်း​ (ရန်ကုန်) က အလုပ်အမှု​ဆောင် ​ဒေါ်​ရွေဇီး​ကွက်က ကယ်ဆယ်​ရေး​အဖွဲ့​တွေကို ခုလို တိုက်တွန်း​ပါတယ်။
“ကျမတို့​လူမျိုး​က နဂိုကတည်း​က ဆင်း​ရဲ​နေကြတယ်။ အခုလို ဒုက္ခ​ရောက်​တော့​ ပိုပြီး​ဒုက္ခ​ရောက်ကြတယ်။ အဲ​တော့​ တတ်နိုင်သမျှ ဝိုင်း​ဝန်း​ပြီး​တော့​ ပံ့​ပိုး​ပေး​ကြပါ။ အဖွဲ့​အစည်း​ကပဲကဖြစ်ဖြစ်၊​ အဲဒါ​လေး​ပဲ ​ပြောချင်ပါတယ်။”

မြန်မာနိုင်ငံ မ​ကွေး​တိုင်း​ဒေသကြီး​ထဲမှာ ​အောက်တိုဘာလ ၁၉ ရက် နဲ့​ ၂၀ ရက်​လောက်ကစပြီး​တော့​ မိုး​သည်း​ထန်တဲ့​အတွက် ​ယော၊​ ​ဆော၊​ ယမား​၊​ မြိုင် ၊​ ​ရွှေ စတဲ့​ချောင်း​ရေလျှံလာပြီး​ ပခုက္ကူခရိုင်၊​ ပခုက္ကူမြို့​၊​ ​ပေါက်၊​ ဆိပ်ဖြူ စတဲ့​မြို့​နယ်ထဲမှာ ​ရေ​တွေလွှမ်း​ခဲ့​ပြီး​ လူ​ပေါင်း​ ၂၀၀ ​ကျော် ​သေဆုံး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013