DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းတွင် ၁၀ ရက်သားကလေး အငှားကားပေါ် စွန့်ပစ်ခံရ
DVB
·
October 15, 2016
စမ်းချောင်းတွင် ၁၀ ရက်သားကလေး အငှားကားပေါ် စွန့်ပစ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း တက္ကစီကားတစီးပေါ်မှာ ၁၀ ရက်သား ကလေးငယ်တဦး စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တက္ကစီကားဆရာ ဦးတိုးညွန့်ရဲ့ ကားပေါ်မှာ စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က ဦးတိုးညွန့်ကားကို လှည်းတန်း၊ စိန်ဂေဟာရှေ့မှာ အသက် ၂၀ အရွယ် ကလေးချီထားတဲ့ အမျိုးသမီးတဦးက စမ်းချောင်း အဖွားအိမ်သွားမယ်ဆိုပြီး ငှားခဲ့ပါတယ်။

စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတောလမ်းသွယ် ရောက်တော့ အဲဒီအမျိုးသမီးက သူ့အဖွား သွားခေါ်ဦးမယ်ဆိုပြီး ကလေးကို ကားပေါ်ထား ထွက်သွားခဲ့ပါတယ်။

၁ နာရီလောက် ကြာတဲ့အထိ အမျိုးသမီး ပေါ်မလာလို့ အနီးအနား လိုက်မေးကြည့်တော့ အမျိုးသမီးကို ဘယ်သူမှ မသိကြဘူးလို့ သိရပါတယ်။

ဒါနဲ့ ဦးတိုးညွန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စမ်းချောင်းရဲစခန်းကို အကြောင်းကြားခဲ့ပြီး ရဲစခန်းက ကလေးကို ဒဂုံမြို့နယ်ရှိ ကေလးဆေးရုံကို ပို့ဆောင်အပ်နှံထားပြီး ကလေးရဲ့ မိဘဆွေမျိုးသားချင်းတွေကို စုံစမ်းရှာဖွေနေကြပါတယ်။

ကားပေါ်မှာ စွန့်ပစ်ခံရတဲ့ ကလေးဟာ ၁၀ရက်သား ယောက်ျားလေး ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013