DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်နိုင်ခြင်း အရည်အချင်း မပြိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 15, 2016
တိုက်ခိုက်နိုင်ခြင်း အရည်အချင်း မပြိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
1 / 6
Donate to DVB

တိုက်ခိုက်နိုင်ခြင်းအရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အရည်အချင်းကို ပြိုင်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေ စာချုပ် တနှစ်ပြည့်အခမ်းအနားမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမ ပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားများ အဖွဲ့၊ အဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက ပိုပြီးတော့ သဘောထားကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွှတ် သီးခံနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ နိုင်ငံ့ရဲ့ အနာဂတ်ကို အတိတ်ထက်ပိုပြီးတော့ တန်ဖိုးထားနိုင်သလဲ ဆိုတဲ့နေရာမှာပဲ ပြိုင်ကြပါလို့ ကျမက ပြောချင်ပါတယ်။ Fire Power တိုက်ခြင်း၊ ခိုက်ခြင်း၊ တိုက်နိုင်ခြင်း အရည်အချင်းကို  ပြိုင်မယ့်အစား မီးငြိမ်းအောင် လုပ်နိုင်မယ့် အင်အားကို ပြိုင်ကြပါလို့ မေတာရပ်ခံချင်ပါတယ်။”

အန်စီအေ စာချုပ် ထွက်ပေါ်လာအောင် ကြိုးပမ်းပေးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကိုလည်း သူက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

အန်စီအေ တနှစ်ပြည့်အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရအဖွဲ့၊ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေ၊ အရင် အစိုးရ လက်ထက် အန်စီအေ စာချုပ်ထွက်ပေါ်ရေး ကြိုးပမ်းခဲ့ကြသူတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း အင်အား ၄၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ တက်ရောက်မိန့်ခွန်း ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကသာ ပြည်ထောင်စုကြီးတခုလုံး ငြိမ်းချမ်းရေးအတွက် ထွက်ပေါက်တခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီ အန်စီအေ တနှစ်ပြည့်အခမ်းအနားကို အရင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့များကို ဖိတ်ကြားခဲ့ပေမယ့် မတက်ကြပါဘူး။

၂၀၁၃ ခုနှစ်ကစလို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၅ ခုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ခဲ့ကြပြီး ၂၀၁၅ခုနှစ် အောက်တိုဘာ ၁၅ရက်မှာ အစိုးရနဲ့ တပ်ဖွဲ့ ၈ခုတို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့နိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - နေဖြိုးဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013