DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အကြမ်းဖက်မှု မူဂျာဟီဒင်အဖွဲ့ လုပ်ဆောင်ဟု အစိုးရ သတင်းထုတ်
DVB
·
October 15, 2016
ရခိုင်ပြည်နယ် အကြမ်းဖက်မှု မူဂျာဟီဒင်အဖွဲ့ လုပ်ဆောင်ဟု အစိုးရ သတင်းထုတ်
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အစိုးရက သတင်းထုတ်ပါတယ်။

မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ် စတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ နည်းနာအတိုင်း အင်တာနက်နဲ့ လူမှု ကွန်ရက်တွေ ဗွီဒီယိုဖိုင်တွေ လွှင့်တင်ကာ ဝါဒဖြန့်ချိနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ပြီး မောင်တောဒေသကို ခြေကုပ်ယူကာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်း အားထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အကြမ်းဖက်သမားတွေက အလစ်အငိုက် ရယူပြီး အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦးရဲ့ အလောင်းတွေ ရရှိခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

အကြမ်းဖက်သမား ၄၀၀ လောက်ဟာ  သူတို့ရသွားတဲ့ လက်နက်တွေနဲ့ မောင်တော်ခရိုင်အတွင်း ဆက်လက် အကြမ်းဖက်လုပ်ဆောင်နေတဲ့အတွက် တပ်မတော်က လိုက်လံရှင်းလင်းတိုက်ခိုက်ရာမှာ တပ်မတော်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဦးဖြစ်တဲ့ ဟာဗစ်တူဟာရ် ဆိုသူဖြစ်ပြီး သူဟာ ပါကစ္စတန်၊ တာလီဘန်ထံမှာ စစ်သင်တန်းတက်ခဲ့သူလို့ ဆိုပါတယ်။

နိုင်ငံသားတွေအနေနဲ့ "ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကူညီကြရန်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်" လို့လည်း မေတ္တာရပ်ခံထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013