DVB Logo
Home
မြန်မာသတင်း
ဦးဝင်းထိန်ပါတီကနုတ်ထွက်ကြောင်း မမှန်မကန်စာအတု ဖြန့်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်
DVB
·
October 14, 2016
ဦးဝင်းထိန်ပါတီကနုတ်ထွက်ကြောင်း မမှန်မကန်စာအတု ဖြန့်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကို ကျန်းမာရေးမကောင်းလို့ ပါတီကနုတ်ထွက်ခွင့်ပြုကြောင်း စာအတုလုပ် ဖေ့စ်ဘွတ်အွန်လိုင်းပေါ်မှာဖြန့်မှုနဲ့ အမျိုးသားတဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

နေပြည်တော် စီအိုင်ဒီနဲ့ မုံရွာမြို့ အမှတ် ၂ နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး စက်မှုဇုန်ရပ်ကွက်မှာ နေထိုင်တဲ့ ဆိုင်ကယ်ကယ်ရီဆွဲသူ အောင်မြင့်ထွန်း (ခေါ်) ဖိုးထောင်ကို အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က ဖမ်းဆီးခဲ့တာပါ။

အောင်မြင့်ထွန်း (ခေါ်) ဖိုးထောင်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အကောင့်မှာ စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်ကျန်းမာရေး အခြေအနေမကောင်းလို့နုတ်ထွက်ခွင့်ပြုရန်တင်ပြစာနဲ့ စက်တင်ဘာ ၂၄ ရက် ရက်စွဲနဲ့ ဦးဝင်းထိန်ကို နှုတ်ထွက်ခွင့်ပြုကြောင်း ပါတီတံဆိပ်ပါ စာအတုတင်ခဲ့ကြောင်း အဲဒီစာကို ဖေ့စ်ဘွတ်ခ်မှာ တွေ့လို့ သိမ်းပြီး ပြန်တင်ခဲ့တယ်လို့ ရဲစစ်ချက်အရ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဝင်းထိန်က နေပြည်တော် အမှတ် ၁ မြို့မရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့တာပါ။

လက်ရှိမှာ အောင်မြင့်ထွန်း ခေါ် ဖိုးထောင်ကို မုံရွာမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော်မြို့မရဲစခန်းကို လွှဲပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နယ်မြေစခန်းက ဒုရဲအုပ်ဇော်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရသူကို တွေ့ခွင့် တောင်းရာမှာတော့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ အောင်မြင့်ထွန်း ခေါ် ဖိုးထောင်ထံမှ HTC အမျိုးအစား ဖုန်းတစ်လုံးကို သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးခံရသူဟာ အန်အယ်လ်ဒီပါတီဝင်ဖြစ်တယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013