DVB Logo
Home
မြန်မာသတင်း
ကုလလူသားချင်းစာနာမှုဆိုင်ရာရုံး အကြီးအကဲ ကချင်ဒုက္ခသည်များကို တွေ့ဆုံ
DVB
·
October 14, 2016
ကုလလူသားချင်းစာနာမှုဆိုင်ရာရုံး အကြီးအကဲ ကချင်ဒုက္ခသည်များကို တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲ စတီဗင်အိုဘရိုင်ယန်ဟာ အောက်တိုဘာ ၁၃ ရက်က ကချင်ပြည်နယ်ကိုသွား ရောက်ပြီး စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံပါတယ်။
ဝေကျိုင်နဲ့ မိုင်းနား ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းရှိ နေစရာမဲ့ ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာဖြစ်ပြီး စစ်ပွဲတွေကြောင့် ၅ နှစ်ကျော်ကြာ အိမ်မပြန်နိုင်ကြသေးတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံအားပေးစကား ပြောခဲ့တယ်လို့ ရန်ကုန်ရှိ ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပါတယ်။

စတီဗင်အိုဘရိုင်ယန်ဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အောက်တိုဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ မြန်မာပြည်သူအားလုံးအတွက် အဓိကအရေးကြီးတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ရေးလုပ်ငန်းတွေ အတူတကွ လုပ်ဆောင်ဖို့ အတွက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013