DVB Logo
Home
မြန်မာသတင်း
တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖားကန့်တွင် တူးဖော်ရရှိ
DVB
·
October 14, 2016
တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖားကန့်တွင် တူးဖော်ရရှိ
1 / 8
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး တူးဖော်ရရှိထားတယ်လို့ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

“ကျောက်စိမ်းတုံးကြီးက တူးထားတာတော့ ကြာပါပြီ။ ဒါပေမယ့် အလုံးအဆင်သင့် တူးဖော်ထုတ်လိုက်တာကတော့ ဒီတရက်နှစ်ရက်ပဲ ရှိသေးတာပေါ့နော်။ ကျောက်စိမ်းတုံးကြီးက အာလုံးတန် ၂၁၀ ရှိတယ်။ ၂၁၀ မှာ ထိပ်ပိုင်းတွေက ပဲ့ကျသွားတာပေါ့ဗျာ။  ဒီယန္တရားတွေနဲ့ တူးဖော်တဲ့အခါမှာ အဲဒါက တန် ၄၀ လောက်ရှိတယ်။ အခုလက်ရှိ ရှိနေတဲ့ ပင်မအတုံးကြီးက တန် ၁၇၀ ကျော်ကျန်တာပေါ့နော်။ ”

ကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီရဲ့ မယ့်လင်ချောင်လုပ်ကွက်ကနေ တူးဖော်ရရှိတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ အရင်ကလည်း တန် ၁၂၀လောက်ရှိတဲ့ အလားတူ ကျောက်စိမ်း အမျိုးအစား အကြီးဆုံးတွေ့ခဲ့ဖူးပြီး ဒီခေါက်ကတော့ ၂၁၀ ဖြစ်တဲ့အတွက် အကြီး ဆုံးဖြစ်နိုင်ကြောင်းနဲ့ အစိုးရသစ်လက်ထက်မှာ ဒီလိုကျောက်စိမ်းတုံးကြီးထွက်ရှိတာဟာ နိုင်ငံအတွက် ကံကောင်းခြင်းဖြစ်တယ်လို့ ဦးတင်စိုးက ပြောပါတယ်။

“ဒီကျောက်မှာလည်း ၂ မျိုးရှိတယ်ဗျာ။ ကျနော်တို့ ဒီဟာမျိုးကတော့ လုံးစွတ်ကျောက်စိမ်း လို့ခေါ်တယ်။  အရင်တုန်းကတော့ တန် ၁၂၀ လောက်အထိပဲ အကြီးဆုံးရှိခဲ့တယ်လေ။  အခု တန်၂၁၀ ဆိုတော့ ဒါအကြီးဆုံးပေါ့။ ပြီးတော့ ဟိုအရင်က ပအိုဝ်းကုမ္ပဏီကနေပြီး တန်ချိန် ၃၀၀၀ ရှိတဲ့ ကျောက်တွေပေါ်တယ်ဆိုတာက အဲဒါက ဒီလိုအမျိုးအစားမဟုတ်ဘူး။ ဟိုဟာတွေက ငုတ်ကျောက်လို့ခေါ်တယ်။ ဒီအခုဟာက လုံးစွတ်ကျောက်လို့ခေါ်တယ်။ တန်ဖိုးချင်းကလည်း ကွာတယ်လေ။ ငုတ်ကျောက်နဲ့ လုံးစွတ်ကျောက်က မတူဘူးဗျာ။ ဒီလိုမျိုး လုံးစွတ်ကျောက်တွေက ပိုပြီးတန်ဖိုးရှိတာပေါ့။”

ဒီကျောက်စိမ်းအရိုင်းတုံးကြီးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်တင်ပြနေပြီး ကာလ တန်ဖိုးကိုတော့ သတ်မှတ်ထားခြင်းမရှိသေးပေမယ့် လတ်တလော သိန်းပေါင်းသောင်းချီ တန်ဖိုးရှိနိုင်တယ်လို့  ခန့်မှန်းနေကြပါတယ်။

ဓာတ်ပုံ - shan gyi

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013