DVB Logo
Home
မြန်မာသတင်း
မောင်တော ပစ်ခတ်မှုများကြောင့် ဒုက္ခသည်​​များ ထပ်​မံ​ရောက်​ရှိ
DVB
·
October 14, 2016
မောင်တော ပစ်ခတ်မှုများကြောင့် ဒုက္ခသည်​​များ ထပ်​မံ​ရောက်​ရှိ
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေတာကြောင့် ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ဒုက္ခသည် ၆၄ ဦး ဘူးသီးတောင်မြို့ကို ထပ်မံရောက်ရှိလာပါတယ်။

ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကတော့ မောင်တောမြို့နယ် မောရဝတီ တောင်ပိုင်းမှ ဒုက္ခသည်အယောက် ၃၀ နဲ့ ပြားသားရွာက ၃၄ ဦး စုစုပေါင်း ၆၄ ရောက်ရှိလာတယ်လို့ မောင်တောမှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဝဏ္ဏခွာညိုက ပြောပါတယ်။

ဒီနေ့အချိန်အထိ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့ဒုက္ခသည် ၂၇၀ ကျော်ရှိနေပြီး သူတို့တွေက မောင်တောမြို့နယ်၊ အောင်မင်္ဂလာရွာ၊ အောင်ဇေယျကျေးရွာ၊ အောင်ဘာလ ကျေးရွာ၊ ဖားဝပ်ချောင်ကျေးရွာတို့မှ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒုက္ခသည်တွေကို ဘူးသီတောင်မြို့ အမှတ် ၁၁ ကျောင်းခွဲမှာ ခိုလှုံနေကြရ ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013