DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ သဘာဝဘေးဒဏ်ခံခဲ့ရသူများကို ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီပေး
DVB
·
October 13, 2016
စစ်ကိုင်းတိုင်းရှိ သဘာဝဘေးဒဏ်ခံခဲ့ရသူများကို ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီပေး
Donate to DVB

 

၂၀၁၆ ခုနှစ်အတွင်း သဘာဝဘေးဒဏ် ခံစားခဲ့ရသူတွေကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရက ငွေကြေး၊ ပစ္စည်းထောက်ပံ့တာတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို မုံရွာမြို့ မြို့တော်ခန်းမမှာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့တာပါ။

“ဘ၀ရှင်သန်နေထိုင်ဖို့ ဘေးအန္တရယ်အသိမျှဝေစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီအခမ်းအနားမှာ  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ အသိပညာပေးတာတွေပြုလုပ်တဲ့အခါ ပြည်သူတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့  ပြောကြားခဲ့ပါတယ်။

သဘာဘေးဒဏ် ကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး လူကယ်ပြန်ဌာနအနေနဲ့ ဝန်ထမ်းအင်အားမလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုနှစ်အတွင်း မိုးများပြီး ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဇူလိုင်လလယ်ကနေ သြဂုတ်လကုန်ထိ ရေကြီးမှုကြောင့် လူနေအိမ်ခြေပေါင်း ၆၃၀၀ ကျော်၊ လူဦးရေ ၂၈၀၀၀ နီးပါး ရေဘေးဒုက္ခခံစားခဲ့ရပြီး လူ ၂ ဦး သေဆုံးသွားတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013