DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်အမှု တရားလိုသက်သေ စတင်စစ်ဆေး
DVB
·
October 13, 2016
အင်းဝအပ်ချုပ်ဆိုင်အမှု တရားလိုသက်သေ စတင်စစ်ဆေး
Donate to DVB

 

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင်၆ဦးရဲ့ အမှုကို ဒီနေ့ အောက်တိုဘာ ၁၃ရက်က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားလိုသက်သေကို စတင်စစ်ဆေးပါတယ်။

အိမ်အကူမိန်းကလေး၂ဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင်တွေကို တရားလိုပြုအမှုဖွင့်ခဲ့တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဒုရဲမှူးမျိုးသိန်းကို စတင်စစ်ဆေးခဲ့တာပါ။

ဖမ်းဆီးတရားစွဲခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင်  မိသားစုဝင် ၆ ဦးကိုတော့  ရှေ့နေ ၄ ဦးက အမှုအတွက် လိုက်ပါဆောင်ရွက်နေပါတယ်။

တရားစွဲခံထားရသူတဖြစ်ဖြစ်တဲ့ မသီရိလတ်ရဲ့ ရှေ့နေဒေါ်နှင်းစုအောင်က “အိမ်အကူမိန်းမလေး ၂ဦးကလဲ နှိပ်စက်တဲ့ထဲမှာ မသီရိလတ်မပါဘူးလို့ ထွက်ဆိုထားတယ်။ အဲဒီ့အတွက် မသီရိလတ် မပါရင် မပါတဲ့အတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာပါ´လို့ပြောပါတယ်။

အမှုမှာ နောက်ဆုံးလာရောက်အဖမ်းခံခဲ့တဲ့ မသီရိလတ် ကိုယ်တိုင်ကလည်း အိမ်အကူတွေကို နှိပ်စက်ခဲ့တာမျိုးမရှိဘူးလို့ လာရောက်အဖမ်းမခံခင် သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ ပါတယ်။

ဒီအမှုအတွက် လာမယ့် အောက်တိုဘာလ ၂၀ရက်နေ့ မှာလဲ တရားလိုသက်သေတွေကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မိန်းကလေးငယ်ဟာ  အလုပ်ရှင်မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံခဲ့ရတာပါ။
အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးကို မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/၃၂နဲ့အမှုဖွင့်ထား သလို ကျောက်တံတား ရဲစခန်းက ပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄နဲ့ အမှုဖွင့်ထားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013