DVB Logo
Home
မြန်မာသတင်း
အမြဲတမ်းအတွင်းဝန်တဦးကို ဌာနပြောင်း
DVB
·
October 13, 2016
အမြဲတမ်းအတွင်းဝန်တဦးကို ဌာနပြောင်း
Donate to DVB

 

သိပံ္ပနဲ့နည်းပညာဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်တယောက်ကို မန္တလေးကွန်ပျုတာ တက္ကသိုလ် ပါမောက္ခချူပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ပါတယ်။

သိပံ္ပနဲ့နည်းပညာဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးကို မန္တလေးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြခဲ့တာပါ။

အစိုးရသစ်လက်ထက် အမြဲတမ်းအတွင်းဝန်တယောက်ကို ပထမဆုံး ဌာနပြောင်းခဲ့တာဖြစ်ပြီး အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အတွင်းဝန်များနဲ့ ပတ်သက်တဲ့ ပြောဆိုချက်အပြီး ပြောင်းခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်က အစိုးရဌာနအသီးသီးက အမြဲတမ်းအတွင်းဝန်တွေဟာ အရင်အစိုးရကို သစ္စာခံနေကြပြီး အစိုးရသစ်နဲ့အတူ လိုက်မပြောင်းကြသူတွေများတယ်၊ ဒါကြောင့် အဲ့ဒီသူတွေကို ဌာနပြောင်းတဲ့ နည်းနဲ့ ပြောင်းလဲမယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းကတော့ အိမ်နီးချင်းနိုင်ငံတချို့မှာလို အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဌာနတခု တည်ထောင် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံ တော်တော်များများမှာ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဆိုတာမျိုးပေါ့။ ဒီကော်မရှင်ကကျတော့ ဘာတွေလုပ်ရမလဲ ဆိုတာကို တချိန်လုံး ထိုင်စဉ်းစားတဲ့ဟာမျိုးပေါ့။ အုပ်ချုပ်ရေးသီးသန့်ကိစ္စကိုပဲ လုပ်တဲ့ ကော်မရှင်မျိုးပါ။ ကော်မရှင်မှာ အဓိကကတော့ ဗဟိုအစိုးရကိုယ်စားလှယ်တွေ၊  ပြည်နယ်တိုင်းအစိုးရကိုယ်စားလှယ်တွေ ပါသင့်တယ်။”

ထိုင်းက အမြဲတမ်းအတွင်းဝန် ဆိုတာမျိုးကို သေချာစနစ်တကျ လေ့ကျင့်ပေးထားပြီး အောက်ခြေက တက်လာသူတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အစိုးရဌာနအသီးသီးရဲ့ အမြဲတမ်းအတွင်းဝန် ဆိုသူတွေကို ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်ခင် ခန့်အပ်ခဲ့တာဖြစ်ပြီး အများစုက တပ်မတော်က ပြောင်းလာကြသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013