DVB Logo
Home
မြန်မာသတင်း

ရန်ကုန်မြို့က လိုင်စင်မဲ့ တရုတ်တိုင်းရင်းဆေးခန်းများကို ဖမ်းဆီးမည်

DVB
·
October 13, 2016
ရန်ကုန်မြို့က လိုင်စင်မဲ့ တရုတ်တိုင်းရင်းဆေးခန်းများကို ဖမ်းဆီးမည်
Donate to DVB

 

ရန်ကုန်မြို့လယ် ၆ မြို့နယ်မှာဖွင့်လှစ်ထားတဲ့ တရုတ်တိုင်းရင်းဆေးခန်းတွေဟာ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖမ်းဆီးအရေးယူသွားမယ် လို့ လူမှုရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အောက်တိုဘာ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဌမနေ့မှာ တရုတ်တိုင်းရင်းဆေးခန်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းရာမှာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက အခုလို ဖြေဆိုခဲ့တာပါ။

တရုတ်ဆေးခန်းတွေဟာ ကျန်းမာရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ လိုင်စင်မရှိသလို ဆေးကုသခွင့် လိုင်စင် ဆ/မ လည်းမရှိဘူးလို့ ဝန်ကြီးကပြောပါတယ်။

သတင်း - ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013